18 w - Translate

(၇)ရက် သား/သမီး အဟောများ
တနင်္ဂနွေ သား/သမီး
လုပ်ငန်း အဆင်ပြေ နေတတ်သော်လည်း၊ငွေကြေးပိုင်း အကြပ်အတည်း အနည်းငယ် တွေ့ရတတ်မည်။ကျန်းမာရေးတွင် ပြဿနာအထူး မရှိတတ်ပါ။အချစ်ရေး အဆင်ပြေနေမည်။သို့သော် စကားပြောမှား၍ ပြဿနာတက်တတ်ခြင်းဖြစ်ပေါ်တတ်၍ သတိပြုပါ။အိမ်ထောင်ရေး အဆင်မပြေ အိမ်ထောင်ဖက် အိမ်မှ ထွက်သွားတတ်မည်။စကားပြောဆင်ခြင်ပါ။ပညာရေးကံမြင့်မားနေ၍အထူးအောင်မြင်မှုရပေမည်။
ယတြာ-- မွေးနေ့ နံနက်ပိုင်းတွင် အိမ်ရှိဘုရား၌ အုန်းသီး (၆) စိတ်ဖြစ်စေ၊အုန်းယို(၆) ခုဖြစ်စေ ကပ်လဇူပေးပါ။
-----
တနင်္လာသား/သမီး
လုပ်ငန်း အဆင်ပြေအောင်မြင်မှုရနေသလို၊မိတ်သစ်များ ဆက်ဆံလုပ်ကိုင်ရန် အဆက်အသွယ် ရလာတတ်မည်။ငွေကြေးကံ သင့်တင့်စွာ ကောင်းမွန်နေမည်။ကျန်းမာရေး ကောင်းမွန်နေမည်။ဗိုက်အောင့်ခြင်း၊လေထိုးခြင်း လောက်သာ သတိပြုရမည်။အချစ်ရေး အဆင်ပြေနေမည်။တစ်ဦးပေါ်တစ်ဦး နားလည်မှုရှိနေတတ်၍ စိတ်ချမ်းသာရမည်။အိမ်ထောင်ရေး ပုံမှန်အနေအထားတွင်ရှိနေမည်။ပညာရေး ဝိရိယအားလျော့နေတတ်၍ ကြိုးစားမှု ပြုပေးရန်လိုပါမည်။
ယတြာ--- တနင်္လာနေ့ မွန်းလွဲပိုင်းတွင် ငါးများကို အစာကြွေးပေးပါ။
----
အင်္ဂါ သား/သမီး
အလုပ် သမားများ မမြဲတတ်၍ အလုပ်အဆင်မပြေဖြစ်နေတတ်မည်။သို့အတွက် မိမိ၏ အလုပ်သမားများပေါ် ဆက်ဆံရေး သတိပြုပါ။ငွေကြေး ကံကောင်းမွန်နေပါမည်။ကျန်းမာရေးတွင် နှလုံးရောဂါ သတိပြုပါ။ခွဲစိတ်ရကိန်း ဖြစ်ပေါ်တတ်မည်။အချစ်ရေးအဆင်မပြေ ချစ်သူ၏ ဖောက်ပြန်ခြင်း၊လမ်းခွဲခြင်းမျိုး ကြုံရတတ်မည်။အိမ်ထောင်ရေး အညံ့ မရှိပါ။မိသားစု
အလည်အပတ်ခရီး ထွက်ဖြစ်တတ်မည်။ပညာရေးကြိုးစားသလောက် အောင်မြင်မှုရမည်။
ယတြာ-- အင်္ဂါနေ့ မွန်းလွဲပြီး နောက်ပိုင်း အဆင်ပြေသောအချိန်တွင် စာကလေး(၃) ကောင်လွှတ်ပေးပါ။
----
ဗုဒ္ဓဟူးသား/သမီး
လုပ်ငန်း အထူးအောင်မြင် ပေမည်။ငွေဝင်သလောက် ပေးဆပ်စရာများနေတတ်၍ ငွေးကြေးလည်ပတ်မှု ကြပ်တတ်မည်။ကျန်းမာရေးတွင် သွေးသား၊အရေပြား ရောဂါမျိုး သတိပြုပါ။အချစ်ရေး အဆင်မပြေစကားများ ရန်ဖြစ်တတ် ကာ လက်ပါသည်ထိ ဖြစ်ရတတ်၍ သတိပြုပါ။အိမ်ထောင်ရေး ပြဿနာ အထူးမရှိပါ။အချစ်ရေးကြောင့် စိတ်လေတတ်ကာပညာရေးဘက် ထိခိုက်စေတတ်၍ သတိပြုပါ။
ယတြာ--- ဗုဒ္ဓဟူးနေ့ မွန်းမလွဲမှီ ဘုရား ဗုဒ္ဓဟူးထောင့်တွင် ရွက်လှ(၁၇)ညွန့် လှူပေးပါ။
----
ကြာသပတေး သား/သမီး
လုပ်ငန်း အဆင်ပြေ တိုးတက်မှုရှိမည်။အကျိုးတူ ဖက်စပ်လုပ်ငန်းမျိုးလုပ်ကိုင်ရန် ကြုံလာတတ်ပြီး လုပ်ကိုင်နိုင်ပါမည်။ငွေကြေးကံ တိုးတက်ရရှိနေမည်။ကျန်းမာရေးခြေ၊ခါး၊ခေါင်းပိုင်း ပြဿနာပေါ်တတ်မည်။အချစ်ရေး အဆင်ပြေသာယာနေမည်။အိမ်ထောင်ရေး အထင်လွဲစရာကြုံရ၍ ရန်ခိုက်ဒေါသဖြစ်ရတတ်သောကြောင့် သတိပြုပါ။ပညာရေးကံ အထူးကောင်းမွန်၍ အောင်မြင်မှုရရှိမည်။
ယတြာ-- ကြာသပတေးနေ့နံနက်တွင် အိမ်ရှိဘုရားတွင် ပဲမုန့် (၅) ခု ကပ်လှူပေးပါ။--
------
သောကြာ သား/သမီး
လုပ်ငန်းအဆင်မပြေဆုတ်ယုတ်ကျဆင်းမှုမျိုး ကြုံနေရတတ်မည်။ငွေကြေး အထိုက်အလျောက်ရနေတတ်သော်လည်း ဆင့်ပါးစပ် နှမ်းပက်ကိန်းမျိုးဆိုက်နေရတတ်မည်။ကျန်းမာရေးတွင် စိတ်ဖိစီးခြင်း၊အာရုံကြောရောဂါ မျိုး ခံစားရတတ်မည်။အချစ်ရေးအဆင်မပြေ လမ်းခွဲရသည်ထိ ကြုံရတန်ဖွယ် ရှိမည်။အိမ်ထောင်ရေး ကံ ကောင်းသော်လည်း အလုပ်ကြောင့် ခေတ္တခွဲနေရကိန်းပေါ်တတ်မည်။ပညာရေး ကြိုးစားသလောက် အရာထင်မည်။
ယတြာ-- သောကြာနေ့ မွန်းလွဲပိုင်းတွင် ဘုရားသောကြာထောင့်တွင် ရေသက်စေ့ သပ္ပာယ်ပေးပါ။
---
စနေ သား/သမီး
အလုပ်အကိုင် အဆင်ပြေသည်ဟု ဆိုရနိုင်သော်လည်း အတက်အကျ များနေတတ်မည်။ငွေကြေးကံ ကောင်းမွန်နေမည်။ကျန်းမာရေး ပြဿနာ မရှိပါ။အစားမှား၍ ဝမ်းပိက်တတ်ခြင်းမျိုးတော့ သတိပြုပါ။အချစ်ရေးပြဿနာအထူးမရှိပါ။တစ်ဦးနှင့်တစ်ဦး အဆက်အသွယ် ၊ခေတ္တပြတ်တောက်နေတတ်မည်။အိမ်ထောင်ရေး အထူးအဆင်ပြေနေ၍ စိတ်ချမ်းသာ ပျော်ရွှင်ရမည်။ပညာရေး အပြိုင်အဆိုင်များကြားမှ အောင်မြင်မှုရပါမည်။
ယတြာ-- စနေနေ့နေ့လည်တွင် သက်ကြီးဝါကြီး ရဟန်းတစ်ပါးအား ထီးလှူပေးပါ။
ဆရာဝင်းမင်း(B.Sc.)