သာစည် - ‌ရွှေ‌ညောင် ရထားလမ်းပိုင်း အမြန်ဆုံး ပြန်လည်ပြေးဆွဲဖို့ ပို့/ဆက် ဒုဝန်ကြီး ပြောဆို

ဒီဇင်ဘာ ၁၇

သာစည် - ရွှေ‌ညောင် ရထားလမ်းပိုင်းကို အမြန်ဆုံး ပြန်လည်ပြေးဆွဲနိုင်ဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ရထားလမ်းပိုင်းတွင် ရထားခရီးစဉ် အမြန်ဆုံး ပြန်လည် ပြေးဆွဲနိုင်ရန် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရန်၊ ပြုပြင်ခြင်းလုပ်ငန်းတွေကို ဆောလျင်စွာ ပြီးစီးရေးအတွက် လူအင်အား၊ ပစ္စည်းအင်အား၊ စက်ယန္တရား အင်အားတွေကို စနစ်တကျစုဖွဲ့ အသုံးပြု၍ သက်မှတ် စံနှုန်းအတိုင်း စနစ်တကျ ပြန်လည်ပြုပြင်သွားဖို့” ဒုဝန်ကြီးက မှာကြားခဲ့တာလို့ သိရပါတယ်။

အဲ့ဒီ ရထားလမ်းပိုင်းကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဒီဇင်ဘာလ ၁၀ နေ့ကနေ ၁၂ ရက်အထိ သွားရောက် စစ်ဆေးမှုများပြုလုပ်ခဲ့ချိန် ဒုဝန်ကြီးက အခုလို မှာကြားပြောဆိုခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလပိုင်းအတွင်း က ဖြစ်ပွားခဲ့တဲ့ ရာဂီမုန်တိုင်းကြောင့် ရထားလမ်းပိုင်းများ ပျက်စီးဆုံးရှုံးမှု တွေ ဖြစ်ပေါ်ခဲ့ကာ သာစည် - ရွှေညောင် အမှတ် (၁၄၁) အဆန် နဲ့ (၁၄၂) အစုန် ပြေးဆွဲနေမှုတွေကို ရပ်နား ထားခဲ့ရတာလဲ ဖြစ်ပါတယ်။

ရာသီဉတု ဒဏ်ကြောင့် သာစည် - ရွှေညောင်လမ်းပိုင်း အတွင်းက ရထားလမ်း တာပေါင်နေရာတွေ၊ ကမ်းပါးနီ ဥမင် အဝင်/ အထွက် နေရာတွေ၊ ဆင်တောင် ဘူတာ၊ မြင်းဒိုက်ဘူတာနဲ့ ခွေးရုပ် ဘူတာတွေမှာ ရေတိုက်စား မြေပြို ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image