ပန်ဆောင်-အိန္ဒိယ နယ်စပ်ဂိတ်အား ဒီဇင်ဘာ ၁၅ ရက်တွင် တရားဝင်ဖြတ်သန်းသွားလာခွင့်ပြုခဲ့

ဒီဇင်ဘာ ၁၆

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့နှင့် အိန္ဒိယနယ်စပ်ဂိတ်အား ဒီဇင်ဘာ ၁၅ ရက်နေ့တွင် တရားဝင်ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဆယ်နှစ်နီးပါး တရားဝင်ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထာခဲ့သည့် ပန်ဆောင်-အိန္ဒိယ နယ်စပ်ဂိတ်အား အိန္ဒိယ-မြန်မာ နယ်စပ်ဈေး ပူးတွဲကော်မတီ သဘောတူညီချက်များအတိုင်း ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ် ပေးခဲ့ပြီဖြစ်ကြောင်းပန်ဆောင်မြို့နေ ပြည်သူတစ်ဦးထံမှ သိရသည်။

"ဟိုလကတည်းက အိန္ဒိယဘက်က နှစ်ကုန်ပိုင်းမှ ဖွင့်ပေးမယ်လို့ ထုတ်ပြန်ထားတဲ့အတိုင်း မနေ့က ဒီဇင်ဘာလ ၁၅ ရက်မှာ တရားဝင်ဖွင့်လှစ်လိုက်တာဟုတ်တယ်။ အခုလို တရားဝင်ခွင့်ပြုပေးတော့ ဒေသခံတွေအတွက် အရမ်းအဆင်ပြေတာပေါ့။ ကုန်ပစ္စည်းတွေကို လွယ်လွယ်နဲ့သယ်ယူနိုင်ပြီလေ။ ဒါပေမဲ့ အစပိုင်းဆိုတော့ စစ်ဆေးမှုတင်းကြပ်သလို ကား၊ ဆိုင်ကယ်တွေ ဝင်ခွင့်မရသေးဘူး" ဟု ၎င်းမှ ဆိုသည်။

အိန္ဒိယအစိုးရဘက်မှ သဘောတူညီချက်အတိုင်း နယ်စပ်ဂိတ်အား ၆ လတာ အကန့်အသတ်အားဖြင့် ဖြတ်သန်းခွင့်ပြုခဲ့ပြီဖြစ်သော်လည်း ယင်း ၆ လတာအတွင်း စစ်ဆေးတင်းကြပ်မှု၊ ကား၊ ဆိုင်ကယ်များအား ယခင်အတိုင်း နန်ပေါင်မြို့အထိ ဝင်ခွင့်မပေးသေးကြောင်း သိရပြီး ကုန်ပစ္စည်းများကိုလည်း သယ်ယူခွင့် ကန့်သတ်ထားကြောင်း သိရသည်။

အလင်း(EPN)

#သတင်းဟင်းလေးအိုးကြီး

image