မြန်မာ့အရေး သီးခြားဆွေးနွေးပွဲနှစ်ခု ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမည်

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၆

မြန်မာ့အရေးနဲ့ပတ်သက်တဲ့ အစည်းအဝေးနှစ်ခုကို အခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ်လက်ခံ ကျင်းပသွားမှာဖြစ်ပြီး အနည်းဆုံး အစည်းအဝေးတစ်ခုမှာ နစက အစိုးရကိုယ်စားလှယ်တွေ ပါဝင်မှာဖြစ်တယ်လို့ ဘန် ကောက်ပို့စ်မှာ ရေးသားဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ရဲ့ အင်အားတစ်ရပ်အဖြစ် ပြန်လည်ပါဝင်လာအောင် ကြိုးပမ်းဆောင်ရွက်နေကြ ကြောင်း မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။

၂၀၂၁ ခုနှစ် မြန်မာ့တပ်မတော်က အာဏာသိမ်းလိုက်ကတည်းကထွက်ပေါ်လာတဲ့ အကျပ်အတည်းတွေကတေ လွတ် မြောက်ရေး နည်းလမ်းရှာဖွေဖို့အတွက် အလွတ်သဘောဆွေးနွေးပွဲတွေ ကျင်းပဖို့ ထိုင်းနိုင်ငံက အောက်တိုဘာလအတွင်း ကမ်းလှမ်းခဲ့ပြီးနောက် အခုသီတင်းပတ် ကြာသပတေး/ သောကြာ (ဒီဇင်ဘာ ၁၉/၂၀) ရက်နေ့တွေမှာ ထိုင်းနိုင်ငံ ခြားရေးဝန်ကြီး မားရစ်ဆန်ဂျီယမ်ပေါင်ဆာဦးဆောင်ပြီး အစည်းအဝေးနှစ်ခုကို သီးခြားစီ ကျင်းပသွားမှာဖြစ်ပါတယ်။

ကြာသပတေးနေ့မှာကျင်းပမယ့် အစည်းအဝေးမှာ မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေပါဝင်မှာဖြစ်ပြီး အဲဒီအလွတ်သ ဘောအစည်းအဝေးမှာ နယ်စပ်လုံခြုံရေးနဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းကိစ္စတွေကိုလည်း ဆွေးနွေးသွားမှာဖြစ်ကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နစ်ခွန်ဒဂ်ဘလန်ကူရာက ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့က ကိုယ်စားလှယ်တွေလည်း အစည်းအဝေးတက်ရောက်ကြမှာဖြစ်ပါတယ်။

သောကြာနေ့မှာ ကျင်းပမယ့်အစည်းအဝေးကတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အာဆီယံအဖွဲ့က အဆိုပြုထားတဲ့ “အချက်ငါးချက်ပါသဘောတူညီချက်” အပါအဝင် အာဆီယံဒေသရဲ့ စိတ်ဝင်စားတဲ့ အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန် ကြီးအဆင့် အစည်းအဝေးဖြစ်ကြောင်း မစ္စတာနစ်ခွန်ဒဂ်က ပြောပါတယ်။

သောကြာနေ့အစည်းအဝေးမှာတော့ မြန်မာကိုယ်စားလှယ်တွေ တက်ရောက်ခြင်းရှိမရှိနဲ့ တက်ရောက်ခဲ့ရင် ဘယ်အ ဆင့်ကိုယ်စားလှယ်တက်ရောက်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အာဏာသိမ်းပြီးတဲ့အချိန်ကတည်းက အာဆီယံခေါင်းဆောင်အစည်းအဝေးတွေနဲ့ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွေကို မြန်မာနိုင်ငံက နိုင်ငံရေးကိုယ်စားမပြုတဲ့ ကိုယ်စာလှယ်တွေကိုသာ တက်ရောက်ခွင့်ပြုထားပြီး မြန်မာ နစက ခေါင်းဆောင်တွေကို တက်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။

အာဏာသိမ်းဖြစ်စဉ်အပြီး ၂၀၂၁ ခုနှစ် ဧပြီလကတည်းက ထုတ်ဖော်ကြေညာခဲ့ပြီး အောင်မြင်အောင် မဆောင်ရွက်နိုင် ခဲ့တဲ့ အာဆီယံငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ သံန္နိဋ္ဌာန်ချထားကြောင်း ၂၀၂၅ ခုနှစ် မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ရမယ့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်အန္နဝါအီဘရာဟင်က ဒီဇင် ဘာ ၁၆ ရက်နေ့ (တနင်္လာနေ့) က ပြောပါတယ်။

“မြန်မာနိုင်ငံ အာဆီယံအဖွဲ့ထဲမှာ အင်အားတစ်ရပ်အဖြစ် ပြန်လည်ပါဝင်လာနိုင်ရေးအတွက် အဆင့်အမျိုးမျိုးနဲ့ အလွတ် သဘောဆွေးနွေးပွဲတွေကျင်းပတဲ့နည်းလမ်းနဲ့ ကျွန်တော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လို့ ကွာလာလမ်ပူမှာ ထိုင်းဝန်ကြီးချုပ်ပေထောင်တန်ရှင်နာဝပ်နဲ့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာအန္နဝါက ပြောပါတယ်။

Ref: Thailand to host two regional meetings focused on Myanmar this week

#centralnewsnaypyitaw

image