18 ပတ် - ဘာသာပြန်ပါ။

နေ့ဘက်မှာ ဆရာဝန်၊ ညဘက်မှာ MMA ဖိုက်တာ
အခုတလော လူပြောများနေတဲ့ တရုတ် MMA ဖိုက်တာအမျိုးသမီးဖြစ်ပါတယ်။
တဖက်မှာ ဆရာဝန်အလုပ်လုပ်ပြီး တဖက်မှာလည်း
မိဘတွေမသိအောင် တိုက်ခိုက်ရေးလေ့ကျင့်ခန်းတွေဆင်းနေခဲ့ရာကနေ မကြာသေးခင်က လုပ်ခဲ့တဲ့ UFC ပြိုင်ပွဲမှာ ပြိုင်ဘက်ကို အလဲထိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ရှီမင်ဟာ အသက် ၃၀ အရွယ်ရှိနေပြီဖြစ်ပြီး အရပ်ပိုရှည်တဲ့ သူ့ပြိုင်ဘက် ဖန်းရှောင်ချန်ထက် ၈ နှစ်ပိုကြီးနေတာကြောင့် ပွဲမစခင်က ရှီမင်အရေးနိမ့်နိုင်တယ်လို့ အများက ထင်ထားကြတာဖြစ်ပါတယ်။
ပြိုင်ဘက်ကို မိနစ်တော်တော်ကြာ မေ့သွားတဲ့အထိ
အလဲထိုးခဲ့တာကြောင့် UFC နဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့သလို တညတာအကောင်းဆုံးဆုအနေနဲ့ ဒေါ်လာ ၅ သောင်းလည်း ဆုရရှိခဲ့ပါသေးတယ်။
သူဟာ ၂၀၂၀ ကနေစလို့ တရုတ်နိုင်ငံတဝန်းအပြင်၊
တောင်ကိုရီးယားနဲ့ မြန်မာတို့မှာလည်း MMA ချန်ပီယံ
၁၂ ဆုအထိ ရရှိထားခဲ့တယ်လို့ သိရပါတယ်။
ရှီမင်ဟာ ယူနန်ပြည်နယ်၊ ကူမင်းမြူနီစီပယ်ဆေးရုံမှာ တရုတ်ရိုးရာအပ်စိုက်ကုဆရာဝန်အဖြစ်နဲ့ အချိန်ပြည့် ဆေးကုသနေသူဖြစ်ပြီး၊
ညနေဘက်မှာ MMA သမားအနေနဲ့ လေ့ကျင့်တယ်လို့ ဆိုပါတယ်။
သူဟာ ကူမင်းမြို့မှာရှိတဲ့ မွေထိုင်းလက်ဝှေ့နဲ့ MMA Gym မှာ အမေရိကန်နပမ်းဆရာ Bagher Amanolahi နဲ့ လေ့ကျင့်တယ်လို့ ဆိုပါတယ်။
အခုဆို ရှီမင်ကို တရုတ်သမိုင်းထဲက သိုင်းပညာရှင်နဲ့သမားတော်ဖြစ်ခဲ့သူ ဝမ်ဖေးဟုန် (ဂျက်လီဇာတ်ကားပြန်ရိုက်ထား) နဲ့တောင် နှိုင်းယှဥ်ပြောဆိုနေကြပြီဖြစ်ပါတယ်။
အင်တာဗျူးတခုမှာတော့ သူဟာ ဆရာဝန်ဖြစ်တဲ့အတွက် သူယှဥ်ပြိုင်ထိုးသတ်လို့ အနိုင်ရသွားတဲ့အခါ
ဆရာဝန်တယောက်အနေနဲ့ ပြိုင်ဘက်ဒဏ်ရာပြင်းသွားမှာကို စိုးရိမ်မိတယ်လို့ ဖြေထားပါတယ်။
ဘာသာပြန် - တန်ဆောင် (Hello Myanmar)
Credit

image