18 ပတ် - ဘာသာပြန်ပါ။

မလေးရှားဝန်ကြီးချုပ်က ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို အာဆီယံရေးရာ အလွတ်တန်းအကြံပေးအဖြစ်ခန့်

ဒီဇင်ဘာ ၁၆

မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဘရာဟင်ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာမယ့် မလေးရှားအတွက် အလွတ်တန်း အကြံပေးအနေနဲ့ ခန့်အပ်လိုက်ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို အခုလို ခန်အပ်တဲ့အကြောင်းကို မလေးရှားကို အလုပ်သဘော ခရီးစဥ်ရောက်နေတဲ့ လက်ရှိ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်နဲ့ ဒီနေ့ ပူးတွဲ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောလိုက်တာဖြစ်ပါတယ်။

သက်ဆင်ရဲ့ နိုင်ငံရေးအတွေ့အကြုံကြောင့် ပေးလာနိုင်တဲ့အကြံဉာဏ်ဟာ အကျိုးရှိမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

အခုလို အကြံပေးအဖြစ်ခန့်အပ်တာကို မလေးရှားဘက်က အကြံပြုခဲ့တာဖြစ်ပြီး ထိုင်းဘက်ကလည်း လက်ခံတယ်လို့ အန်ဝါက ပြောပါတယ်။

''အာဆီယံအရေးတွေမှာ သက်ဆင်ဟာ ကျွမ်းကျင်ပြီး အကြံဉာဏ် ပေးနိုင်ခဲ့တာကြောင့် အရင် အာဆီယံ ခေါင်းဆောင် ဟောင်းတွေပါဝင်တဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံအတွက် အလွတ်သဘော အကြံပေးအဖွဲ့ကို အဆိုပြုခဲ့တာ'' လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံဝန်ကြီးချုပ်တွေဟာ မြန်မာ့အရေးနောက်ဆုံးအခြေအနေတွေကိုလည်း ဆွေးနွေးထားတယ်လို့ မလေးရှား နိုင်ငံခြား‌ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပုံစာ - မလေးရှားဝန်ကြီးချုပ် အေဘရာဟင်၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ တီမောသမ္မတတို့ကို ၂၀၁၂ ခုနှစ်မှာ ဝဲမှ ယာအတိုင်း မြင်တွေ့ရတာဖြစ်ပါတယ်

Credit - BBC News

#သတင်းဟင်းလေးအိုးကြီး

image