18 w - Translate

"ငါတို့ကအရက်ဆိုမီးတောက်မှကြိုက်တယ်"
ဒီစကားလုံးသည်စာရေးသူတို့ဝန်းကျင်တွင်မကြာခဏကြားနေရပါသည်။
မီးရှို့၍အလွယ်တကူတောက်လောင်နိုင်သော
"အရက်ပြင်း"ကို OP(Over Proof)ဟုသတ်မှတ်ပြီးမီးလောင်မလွယ်သော "အရက်ပျော့"ကို UP(Under Proof)ဟုသတ်မှတ်၏။ရှေးယခင်ကအဂ်လန်တွင်
အရက်ပြင်းအားတိုင်းတာနည်းမှာယမ်းမှုန့်ပေါ်အရက်လောင်းပြီးမီးရှို့၏။မလောင်လျှင် UPဖြစ်ပြီးလောင်လျှင် OPဖြစ်၏။
ဒီတော့မီးတောက်ကြိုက်သောသူသည်အရက်ပြင်းကြိုက်သောသူဟုဆိုရပါမည်။
အရက်သောက်မည့်သူသည်မိမိသောက်မည့်အရက်ပြင်းအားကိုသိရှိရန်လိုပါသည်။အရက်တွင်စံသတ်မှတ်ချက်အနေဖြင့် Proof Spirit ရှိပါသည်။
100 Proof (Proof Spirit)=57.2%by Volume
100 Proof အရက်သည်အရက်စစ်ထုထည်
57.2% ပါဝင်သည်ဟုဆိုခြင်းဖြစ်ပါသည်။
ထို့ကြောင့်အရက်ပုလင်းများတွင်alcohol percent volumeတွေကိုရေးသားထားပါသည်။
ဥပမာ Red label ပုလင်းမှာ40%ရေးထားတယ်ဆိုရင်ဒါဟာအရက်ပြင်းလား၊အပျော့လားဆိုပြီးခွဲခြားနိုင်အောင်တွက်ချက်လို့ရပါသည်။
တွက်ချက်နည်းသည်
100-U.P=At proof
100-30U.P=70 at proof
Alcohol% volume=7057.2=40.04%
100
Alcohol % 40ဆိုရင်
အရက်ပျော့30U.P(under proof)ဖြစ်၏။
U.Pပမာဏများလေလေalcohol%volume
လျော့ကျလေလေဖြစ်ပါသည်။
ဥပမာအားဖြင့်
80U.Pကိုတွက်ကြည့်မည်ဆိုလျှင်
100-80UP=20 at proof
Alcohol %volume=2057.2=11.44%
100
alcohol% volume11.44% ရှိပါသည်။
ဝိုင်သည် alcohol % volume 13%သာရှိပါသည်။
Red label သည်alcohol% volume40%လို့ဖော်ပြထားတဲ့အတွက်30UPအရက်ပျော့သာဖြစ်ပြီးသောက်မည်ဆိုပါကရေသိပ်မရောဘဲရေခဲတုံးဆော်ဒါရောစပ်၍သောက်သုံးသင့်ပါသည်။
သို့မှသာအရက်အရသာမပျောက်ပျက်ဘဲခံစားမှုသည်ရီတီရီတီနဲ့အလွန်နေလို့ကောင်းပါသည်။စာရေးသူ၏အတွေ့အကြုံအရအရက်ကောင်းသောက်သူများသည်မူးပြီးရမ်းသည်ကိုမတွေ့ဖူးပါ။
UPပြီးတော့OPပေါ့
OPဆိုတာဘာလဲ?
OPသည်over proof အရက်ပြင်းဖြစ်ပါသည်။
ပြည်တွင်းအရက်ချက်စက်ရုံများ၏အရက်သည်
64 OP ဖြစ်ပါသည်။အဆိုပါအရက်၏alcoholeဘယ်လောက်ပါသလဲဆိုတာတွက်ကြည့်ရအောင်
100+OP=At Proof
100+64OP=164 at proof
Alcohol % volume=16457.2=93.81%
100
ဒါကြောင့်OPတွေကိုတိုက်ရိုက်သောက်လို့မရနိုင်ပါ။ရေနဲ့အချိုးစားမျှတအောင်ရောစပ်ပြီးမှသောက်လို့ရပါမယ်။
အရက်ကိုအသင့်အတင့်ချိန်၍သောက်ပါကအစာအိမ်ရည်ထွက်အားပေး၍စားသောက်ကောင်းပြီးအစာကြေစေပါသည်။
alcohol(1)gသည်ခန္တာကိုယ်အတွက်(7)ကယ်လိုရီအပူဓာတ်ပေးသည်။သောက်သုံးလိုက်ပါကအစာအိမ်နှင့်အူမတို့ကလျှင်မြန်စွာစုပ်ယူပြီးသွေးထဲမှတဆင့်ခန္တာကိုယ်အစိတ်အပိုင်းများဆီသို့သယ်သွားပါသည်။ပြီးမှတစ်ရှူးထဲတွင်CO2နှင့်ရေအဖြစ်ပြောင်းလဲသွားပါသည်။
သာမာန်လူတစ်ယောက်သည်သွေးထဲ၌alcohol 0.15%ထက်များနေပါကအရက်မူးနိုင်ပါသည်။
သောက်နေကျအရက်သမားများသည် ထိုပမာဏ
ဖြင့်မမူးနိုင်ပါ။alcoholသည် သွေးနှင့်အတူလည်ပတ်ပြီး လူ၏ဗဟိုနမ်ကြောအဖွဲ့ကိုဖိနှိမ်လေသည်။ယင်းကြောင့်လူသည်မူမမှန်တော့ဘဲ
ရွှင်မြူးခြင်း
ရန်လိုခြင်း
စိတ်ကူးယဥ်ခြင်း
ထိုင်းမှိုင်းခြင်း
အိပ်ချင်ခြင်း
မိမိကိုယ်ကိုအထင်ကြီးခြင်း
ဖြစ်လာပါသည်။
ပို၍သောက်ပါက
အာရုံထိန်းချုပ်စူးစိုက်မှုခက်ခဲလာပြီးအမှားအမှန်ကိုမခွဲခြားနိုင်ခြင်း၊
တာဝန်မဲ့အပြုအမူတို့ပြုလုပ်လာပြီးမူးယစ်သောင်းကြမ်းလာပါသည်။သွေးထဲ alcohol%0.55%ထက်ကျော်လွန်သွားပါကထိုသူသည်အသက်ဆုံးရှူံးနိုင်မှုများသွားပါသည်။
နိုင်ငံခြားဖြစ်အရက်များသည်
စာရေးသူအထက်မှာဖော်ပြခဲ့သလို အရက်ပျော့
UPများသာဖြစ်ပြီးပြည်တွင်းမှထုတ်လုပ်သောအရက်များသည် အရက်ပြင်းOPကိုရေရော၍ပုလင်းသွင်းထားခြင်းဖြစ်ပါသည်။
စာရေးသူတို့နိုင်ငံ၏အခြေခံလူတန်းစားများသောက်နေသည့်အရက်သည်အဆိုပါအရက်ပြင်းများဖြစ်ပါသည်။
ထို့ကြောင့် အရက်သမားယမကာလုလင်များအနေဖြင့်
"အသေမစောစေရန်ရေရောကြပါ"လို့အကြံပြုတိုက်တွန်းလိုက်ပါတယ်ခင်မျာ။
Crd

image