18 ပတ် - ဘာသာပြန်ပါ။

အမေရိကန် သန်း ၁၇၀ ကျော် သုံးကြတဲ့ TikTok ကို ပိတ်ပင်မယ် ဆိုတာကို
သူက ပြန်ကယ်တင်မယ်လို့ သမ္မတမဲဆွယ်ပွဲမှာ ထရမ့်ပြောခဲ့တော့ အံ့ဩခဲ့ကြတယ်၊
ဘာကြောင့်ဆို ထရမ့် ပထမသက်တမ်းတုန်းက TikTok ကို ပိတ်ပင်ဖို့ နှစ်ခါတောင်
ကြိုးစားခဲ့ဖူးသကိုး။
၂၀၂၄ မဲဆွယ်စဉ် ကယ်တင်မယ့်အကြောင်းပြချက်ကတော့ ပြည်သူ့ရန်သူ Facebook ကို
တန်ပြန်ချိန်ညှိဖို့ TikTok ဆက်ရှိဖို့လို ဆိုသကိုး။ ဇန်နဝါရီ ၆ ရက် ကက်ပီတိုဝင်စီးတဲ့
ဖြစ်စဉ်အပြီး သူ့ကို ဆိုရှယ်မီဒီယာတွေက ban ပစ်တဲ့အထဲ Facebook ကို အတော်ကြီး
စိတ်နာပုံရတယ်။
ဒါကြောင့်လည်း ထရမ့်ကျမ်းကျိန်ပွဲသုံးဖို့ Meta က ဒေါ်လာ ၁ သန်းလှူတယ်ဆိုတာ
မျက်ဖြေလင်္ကာနိဒါန်းလည်း ဖြစ်နိုင်တာပါ့။
အမျိုးသားလုံခြုံရေးနဲ့ ဒေတာလုံခြုံရေးကိစ္စကို ဆက်ဖြေရှင်းရင်း TikTok ဆက်သုံးခွင့်
ရစေမယ် ထရမ့်ဆိုခဲ့တာက- TikTok မပိတ်စေချင်တဲ့ လူငယ်မဲဆန္ဒရှင်တွေကို မျက်စပစ်ခဲ့တာလည်း ပါသပေါ့။ TikTok နဲ့ ကြော်ညာ စီးပွားဖြစ်နေသူလည်း မနည်း။
...
ဘိုင်ဒင်က TikTok အမေရိကန်ဌာနခွဲကို အမေရိကန်တွေဆီ မရောင်းရင်
အက်ပ်ကို ပိတ်ပစ်မယ့်ဥပဒေ ပြဌာန်းခဲ့တယ်။ အဲ့ဒီဥပဒေကို ကန်တရားရုံးချုပ်က
ပြန်သုံးသပ်ဖို့ ဖြစ်လာအောင် TikTok ပိုင်ရှင် ByteDance က ကြိုးစားနေတယ်။
ပြန်သုံးသပ်တဲ့ကာလမှာ ယာယီတားမြစ်တာ မလုပ်ဖို့ အသနားခံတာတော့ ပယ်ချခံလိုက်ရတယ်။
ထရမ့်ခန့်မယ့် နိုင်ငံခြားရေးဝန်ကြီးနဲ့ သူ့လက်ထောက်ကလည်း TikTok ဝေဖန်ရေးသမားတွေ။
ဘာပဲဖြစ်ဖြစ် ByteDance အတွက် ထရမ့်ဟာ ကောက်ရိုးတစ်မျှင် ဖြစ်နေတယ်။
ဘိုင်ဒင့်ဥပဒေအရဆို ဌာနခွဲကို မရောင်းပစ်ရင် TikTok ဟာ ဇန်နဝါရီ ၁၉ ရက်
အမေရိကန်မှာ အပိတ်ခံရမယ်။ ၂၀ ရက်နေ့မှ ကျမ်းကျိန်ရမယ့် ထရမ့် TikTok ကို
အချိန်မီ ကယ်နိုင်စရာမမြင်။
ဒါပေမယ့် FB တို့ CNN တို့ကို လုံးဝကြည့်မရတဲ့ ထရမ့်ဟာ အမေရိကန် ဒီမိုကရက်ယိမ်း
မီဒီယာတွေကို counterweight လုပ်နိုင်အောင် တရုတ်အက်ပ်ကို ကယ်တင်ဖို့ တကယ်ပဲ
နည်းလမ်းရှာလေမလား...။
အမေရိကန်လူဦးရေတဝက်ကျော် သုံးနေတဲ့ TikTok ရဲ့ အမေရိကန်ဈေးကွက်
ရှေ့ရေးဟာ.... မှောင်ရီမှိုင်းလို့....။
Credit

image