26 w - Translate

အကြိုက်ဆုံး YouTuber Adam က သူ့ OTR Channel မှာ မနေ့ကညနေမှာ ဘန်ကောက်ရဲ့ အကြီးဆုံး Wet Market ဖြစ်တဲ့ Khlong Toei အကြောင်းကို တစ်နာရီကျော်ကြာတဲ့ Video အသစ် တင်ထားတယ်။

သူတို့အဖွဲ့ဟာ ၂၄ နရီမပြတ်စည်ကားနေတဲ့ ဈေးကြီးအကြောင်းကို လူစိတ်ဝင်စားအောင် မနက် ၉ နာရီကနေ နောက်နေ့မနက် ၉ နာရီထိ ဈေးထဲကနေ မထွက်ပဲ တောက်လျှောက် သူ့နေရာနဲ့သူ မှတ်တမ်းတင်ရိုက်ကူးခဲ့တယ်။

ဈေးအကြောင်းရိုက်ရင် ဈေးသမိုင်းဖြစ်ပေါ်လာပုံလည်းပါမှ OTR ပီသတာလေ။ ဈေးပထမဆုံးဖြစ်ပေါ်လာတဲ့ နိုင်ငံက အီဂျစ်နိုင်ငံပါတဲ့။ ကျန်တာ ဆက်ကြည့်လိုက်နော်။ လင့် ကွန်မန့်မှာ ပေးထားပါတယ်။

ဒီဈေးကြီးမှာ အိမ်နီးချင်းနိုင်ငံတွေက လူတွေလည်းအလုပ်လုပ်နေတဲ့အကြောင်းတွေပါတော့ မြန်မာက ဘယ်ပြေးလွတ်မလဲနော်။ မြန်မာဈေးတန်း၊ အသားငါး၊ ဟင်းသီးဟင်းရွက်တန်း ၊ သူ့အချိန်နဲ့သူ ဈေးကြီးဟာ ပြောင်းလဲ စည်ကားနေတာတွေ ရိုက်ပြထားတယ်။

ဘန်ကောက်မြို့လည်မှာ နိုက်ကလပ်တွေ၊ ဘားတွေ night market တွေနဲ့ စည်ကားနေတဲ့အခြေအနေကို ဒီဈေးကြီးထဲမှာ စည်ကားနေတဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ပြထားတာကို အရမ်းသဘောကျရတယ်။

နေ့လည်စာကို မြန်မာထမင်းဆိုင်မှာ ကြက်သားဟင်းဆီပြန် ၊ လက်ဖက်တုပ်၊ နန်းကြီးတုပ် ( အသုပ်ကို သူထွက်တဲ့အသံ 😁) နဲ့ အခြားဟင်းတွေလည်းအပါ ဝင်ဆွဲသေးတယ်။ ဒါမှ မြန်မာစာကြိုက်တဲ့ Adam ပီသမှာလေ။

Food history အကြောင်းစိတ်ဝင်စားရင် သူ့ video တွေကြည့် ကြည့်ပါ အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။

image
image
image