အမျိုးသား ကန်တော်ကြီး ဥယျာဉ် နှစ် (၁၀၀) ပြည့် ပန်းပွဲတော် စတင်ဖွင့်လှစ်
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀)ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ဒီဇင်ဘာ (၁၄) ရက်က အမျိုးသားကန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ပွဲတော်အား ဒီဇင်ဘာလ (၁၄) ရက်မှ ဇန်နဝါရီလ (၁၂) ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဖွင့်ပွဲနေ့တွင် အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့် အဖွင့်သီချင်းနှင့်အကတို့ဖြင့် ဂုဏ်ပြုတင်ဆက်ခဲ့သည်ဟု သိရသည်။
ထို့ပြင် တေးသံရှင်များမှ တေးသီချင်းများ အကများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကာ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများ အသီးသီး ပေး အပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
