ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်
ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ (၅၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၌ ဗုဒ္ဓပူဇာအဖြစ် စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခြင်းကို ယနေ့ ဒီဇင်ဘာ ၁၅ ရက် (နတ်တော်လပြည့်နေ့)နံနက် ၅ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား စေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယဆရာတော်များအပါအဝင် ဆရာတော်၊ သံဃာ တော်(၉ဝ)ပါးတို့က ဗုဒ္ဓဘိသေကအနေကဇာ တင်လှူပူဇော်ကာ ပရိတ်တရားတော်များကို ရွတ်ပွားပူဇော်ခဲ့ကြသည်။
ထို့ပြင် ဩဝါဒါစရိယဆရာတော်ကြီးများဦးဆောင်၍ ဆရာတော်၊ သံဃာတော်(၉၀)ပါးမှ စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ခဲ့ကြပြီးနောက် ရင်ပြင်တော်ပေါ်ရှိ ဆိပ်ကမ်းဓမ္မာရုံတွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့်အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
