18 w - Translate

တရုတ်လက်ရွေးစင်ဟောင်း လီတိုင်းကို လာဘ်စားမှုဖြင့် ထောင်ဒဏ် နှစ်၂၀ ချမှတ်

တရုတ်လက်ရွေးစင်နဲ့ နည်းပြဟောင်း လီတိုင်းဟာ လာဘ်ပေးလာဘ်ယူမှုနဲ့ ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံလိုက်ရပါတယ်။

အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ နည်းပြလီတိုင်းဟာ ကစားသမားဘဝက ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းမှာ ကစားခဲ့သူဖြစ်ပြီး ၂၀၀၂ ကမ္ဘာ့ဖလားမှာလည်း ပါဝင်ကစားခဲ့သူပါ။


၂၀၁၁ ခုနှစ်ကစတင်ပြီး နည်းပြဘဝ ကူးပြောင်းခဲ့သူ လီတိုင်းဟာ တရုတ်လက်ရွေးစင်အသင်းကို လည်း တာဝန်ယူခဲ့ဖူးပါတယ်။


လီတိုင်းဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၁ ခုနှစ် အတွင်းမှာ လက်ရွေးစင်အသင်းနဲ့ ကလပ်အသင်းတွေမှာ လာဘ်ပေးလာဘ်ယူမှု၊ လုပ်ပွဲကစားမှုတွေနဲ့ စွဲချက်တင်ခံရပြီး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရတာပါ။


အဲဒီအချိန်ကာလတွေအတွင်းမှာ အမေရိကန် ဒေါ် လာ ၁၆ သန်းခန့် လာဘ်ယူခဲ့ကြောင်း လီတိုင်းက ဝန်ခံခဲ့ပြီး အားလုံးကို တောင်းပန်ကြောင်း ပြောသွားပါတယ်။
DVB

image