တနင်္ဂနွေည ပရီးမီးယားလိဂ်ပွဲကြိုအချက်အလက်
*******
ဘရိုက်တန် 🆚 ပဲလေ့စ်
📌ဘရိုက်တန်ဟာ ပဲလေ့စ်နဲ့ ပရီးမီး
ယားလိဂ်တွေ့ဆုံမှု နောက်ဆုံး ၆ ပွဲစလုံး
မှာ မရှုံးခဲ့ပေမယ့် အဲဒီထဲက ၄ ပွဲဟာ
၁-၁ သရေရလဒ်ထွက်ခဲ့တာပါ။
📌ဘရိုက်တန်ဟာ ဒီရာသီ ပရီးမီး
ယားလိဂ်မှာ အိမ်ကွင်းရှုံးပွဲမရှိသေး
ပေမယ့် ၃ ပွဲသာ နိုင်ပြီး
၄ ပွဲ သရေကျခဲ့တာပါ။
မန်စီးတီး 🆚 မန်ယူ
📌မန်ယူဟာ မန်စီးတီးနဲ့ပရီးမီးယား
လိဂ်အဝေးကွင်းတွေ့ဆုံမှု နောက်ဆုံး
၃ ပွဲစလုံးကို ရှုံးထားပေမယ့် ၁၉၉၅
ကတည်းက စီးတီးကို အမှတ်ပေး
အဝေးကွင်း ၄ ပွဲဆက် မရှုံးဖူးပါဘူး။
📌မန်စီးတီးဟာ ပြိုင်ပွဲအရပ်ရပ်
နောက်ဆုံး ၁၀ ပွဲမှာ ၁ ပွဲသာ နိုင်ခဲ့ပြီး
၇ ပွဲ ရှုံးထားပါတယ်။
ချဲလ်ဆီး 🆚 ဘရန့်ဖို့ဒ်
📌ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်မှာ
ဘရန့်ဖို့ဒ်ကို တစ်ခါမှ အိမ်ကွင်းမနိုင်ဖူးဘဲ
အိမ်ကွင်းတွေ့ဆုံဖူးတဲ့ ၃ ပွဲစလုံး
ရှုံးထားပါတယ်။
📌ဘရန့်ဖို့ဒ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်
က အဝေးကွင်း ၇ ပွဲစလုံးမှာ နိုင်ပွဲမရှိခဲ့ဘဲ
၆ ပွဲ ရှုံးထားပါတယ်။
ဆောက်သမ်တန် 🆚 စပါး
📌ဆောက်သမ်တန်ဟာ စပါးနဲ့ပရီးမီး
ယားလိဂ်တွေ့ဆုံမှု နောက်ဆုံး ၁၅ ပွဲစလုံး
မှာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
📌ဆောက်သမ်တန်နဲ့စပါးတို့ရဲ့နောက်ဆုံး
တွေ့ဆုံမှု ၇ ပွဲမှာ ၆ ပွဲက နှစ်ဖက်သွင်းဂိုး
၃ ဂိုးနဲ့အထက် ရှိထားပါတယ်။
