ထိုင်းပွဲဈေးဗုံးပေါက်မှု ထိုင်း ၁ဦး နဲ့ KNU တပ်သား ၁ ဦးဖမ်းဆီးထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့ထုတ်ပြန်
ဒီဇင်ဘာ ၁၅
ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်တောင်ပိုင်းက အုန်းဖန်မြို့နယ်မှာ ကျင်းပတဲ့ ပွဲဈေးဖျော်ဖြေရေးစင်နားမှာ ဗုံးပစ်ခဲ့တယ်လို့ စွပ်စွဲပြီး ထိုင်း ၁ဦး နဲ့ KNU တပ်သား ၁ ဦးဖမ်းဆီးထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဒီနေ့ မှာထုတ်ပြန်လာပါတယ်။
ကနဦး ထိုင်းသတင်းတွေမှာ ကရင်လူငယ် ၂ ဦးကို အုန်းဖန်ရဲစခန်းက ဖမ်းဆီးထားတယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၃ ရက် မနေ့က ည ၁၁နာရီခွဲအချိန်မှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကြောင့် ၃ ဦးသေပြီး ၄၈ ယောက်ဒဏ်ရာရတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
"အုန်းဖန်ရဲ့ တစ်ဖက်ကမ်းမှာက ကြာအင်းဆိပ်ကြီးရှိတယ်။ အဲ့ဒီမှာနေတာက ထိုင်းကရင်နဲ့မြန်မာကရင်တွေအနေ များတယ်'' မဲဆောက်အခြေစိုက် မြန်မာလုပ်သားအရေးဆောင်ရွက်နေသူ ဦးမိုးကြိုးက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ၂ ဦးထဲက KNU တပ်သားကတော့ ဗုံးသယ်ဆောင်ခဲ့ကြောင်း ဝန်ခံထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဗုံးပစ်မှုဟာ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကြောင့်ဖြစ်တယ်လို့ မျက်မြင်သက်သေတွေကဆိုတယ်လို့လည်း ထိုင်း သတင်းဖော်ပြချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။
Credit - BBC
#သတင်းဟင်းလေးအိုးကြီး


