ထောက်ကြံ့မြို့ရှိ ပညာရေးစီမံခန့်ခွဲမူကျောင်းတွင် လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦး မိမိကိုယ်ကိုကြိုးဆွဲချ၍ အဆုံးစီရင်
နေပြည်တော်၊ ဒီဇင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြံ့မြို့နယ်၊ ရန်ကုန်-ပြည်လမ်းဘေးရှိ ပညာရေးစီမံခန့်ခွဲမူကျောင်းဝန်းထဲရှိ လိုင်းခန်းတွင် လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦး မိမိကိုယ်ကိုကြိုးဆွဲချ၍ အဆုံးစီရင်မူဖြစ်ပွားကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၄ ရက် နံနက် ၃ နာရီအချိန်တွင် တာဝန်ရှိသူများမှ ပတ္တမြားလူငယ်ဘက်စုံဖွံ့ဖြိုးရေးလူမှုကူညီရေးအသင်းသို့ ဖုန်းဆတ်သောကြောင့် ထိုအသင်းမှ ရုပ်အလောင်းကို အင်းစိန်ဆေးရုံသို့ပို့ဆောင်လိုက်ကြောင်း သိရသည်။
"လိုင်းခန်းထဲမှာ သူ့ကိုယ်သူ ကြိုးဆွဲချသေတာ။ သူက လက်ထောက်ညွန်ကြားရေးမူး။ ပြီးတော့ သူက အိမ်ထောင်မရှိဘူးလို့သိရတယ်" လို့ ပတ္တမြားလူငယ်ဘက်စုံဖွံ့ဖြိုးရေးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုကြိုးဆွဲချ၍ သေဆုံးသူမှာ လက်ထောက်ညွှန်ကြားရေးမှူး အသက် ( ၄၅) နှစ်အရွယ် ဦးသိန်းဟန်ဖြစ်ပြီး၊ ၎င်းမှာ အမြင့်ပေ ၇ ပေခန့်ရှိသည့် အခန်းနံရံတွင် ၄ လက်မ သံဖြင့်ရိုက်ပြီး ပုဆိုးထုံးချည်၍ မိမိကိုယ်ကိုကြိုးဆွဲချ၍ အဆုံးစီရင်ခဲ့ကြောင်း သိရသည်။
Photo -Credit
#centralnewsnaypyitaw
