~~~ အမှတ်တရ ~~~{ ၆ }
ဂျူး
မျက်နှာငယ်နေမည် ဖြစ်သော ကျွန်မကို အကဲခတ် မိသောအခါကျပြန်တော့လည်း မောင် အားတင်းပြန်လေသည်။
“လွယ်ပါတယ် ၊ ကဲ .. ချစ်က ဒီဟာကျက် ၊ ဒါကလွယ်တယ် ၊ မောင်က ဒါ ကျက်မယ် ၊ ဒါက နည်းနည်း ရှုပ်တယ် ၊ နာရီ၀က်ပဲ အချိန်ရမယ် ၊ ပြန်ပြောရအောင် ဟုတ်လား”
လက်ဖက်ရည် ဖန်ဆိမ့်ကို သောက်လိုက် ၊ အဆောင်က ညီမလေးများ လာပေးသော လက်ဖက်သုပ် ၊ ရှောက်သီးသုပ်များ စားလိုက် ၊ စိုးရိမ်ထိတ်လန့်စွာ ရင်တထိတ်ထိတ် ခုန်ခဲ့ရသော စာမေးပွဲညများကို ခက်ခဲစွာ ကျော်ဖြတ်ခဲ့ရသည်။ နံနက် ၇နာရီခွဲအထိ အမ်စီကျူ မေးခွန်းအတွက် တစ်ခုမျှ မကြည့်ရသေး ။
ကျွန်မကထိတ်လန့် တကြား ငိုချင်လှပြီ။ မောင်က အားပေးနှစ်သိမ့်သည်။
“ချစ် သွား ၊ အဆောင်ပြန် မျက်နှာသစ် ၊ သနပ်ခါးလိမ်း ၊ နာရီ၀က် အချိန်ပေးမယ် ၊၈ နာရီ မထိုးခင် ပြန်လာ ၊ အမ်စီကျူမေးခွန်း ကြည့်ရမယ် ၊ ဂိုင်နီ အမ်စီကျူ (Gyne M.C.Q)က သိပ်လွယ်တာကွ ၊သွား …သွား”
အဆောင် ပြန်ရောက်သောအခါ မျက်နှာသစ်ရုံသာ ကျွန်မ ကိုယ်တိုင် အလုပ်လုပ်ရသည်။ အင်္ကျီမီးပူတိုက်တာကအစ ကျွန်မ လုံးထွေး ပြန်ယူလာသော စောင်များခေါက်တာအစ ၊ မျက်နှာငယ်နေမည် ဖြစ်သော ကျွန်မကို အကဲခတ် မိသောအခါကျပြန်တော့လည်း မောင် အားတင်းပြန်လေသည်။
“လွယ်ပါတယ် ၊ ကဲ .. ချစ်က ဒီဟာကျက် ၊ ဒါကလွယ်တယ် ၊ မောင်က ဒါ ကျက်မယ် ၊ ဒါက နည်းနည်း ရှုပ်တယ် ၊ နာရီ၀က်ပဲ အချိန်ရမယ် ၊ ပြန်ပြောရအောင် ဟုတ်လား”
လက်ဖက်ရည် ဖန်ဆိမ့်ကို သောက်လိုက် ၊ အဆောင်က ညီမလေးများ လာပေးသော လက်ဖက်သုပ် ၊ ရှောက်သီးသုပ်များ စားလိုက် ၊ စိုးရိမ်ထိတ်လန့်စွာ ရင်တထိတ်ထိတ် ခုန်ခဲ့ရသော စာမေးပွဲညများကို ခက်ခဲစွာ ကျော်ဖြတ်ခဲ့ရသည်။ နံနက် ၇နာရီခွဲအထိ အမ်စီကျူ မေးခွန်းအတွက် တစ်ခုမျှ မကြည့်ရသေး ။
ကျွန်မကထိတ်လန့် တကြား ငိုချင်လှပြီ။ မောင်က အားပေးနှစ်သိမ့်သည်။
“ချစ် သွား ၊ အဆောင်ပြန် မျက်နှာသစ် ၊ သနပ်ခါးလိမ်း ၊ နာရီ၀က် အချိန်ပေးမယ် ၊၈ နာရီ မထိုးခင် ပြန်လာ ၊ အမ်စီကျူမေးခွန်း ကြည့်ရမယ် ၊ ဂိုင်နီ အမ်စီကျူ (Gyne M.C.Q)က သိပ်လွယ်တာကွ ၊သွား …သွား”
အဆောင် ပြန်ရောက်သောအခါ မျက်နှာသစ်ရုံသာ ကျွန်မ ကိုယ်တိုင် အလုပ်လုပ်ရသည်။ အင်္ကျီမီးပူတိုက်တာကအစ ကျွန်မ လုံးထွေး ပြန်ယူလာသော စောင်များခေါက်တာအစ ၊ “တယ်ဟုတ်ပါလား ၊ ဒါဆိုရင်တော့ မောင်တို့ အောင်ရချည်သေးရဲ့”
“အမယ်လေး အောင်မှာ အောင်မှာ မပူနဲ့”
တစ်ယောက်နှင့်တစ်ယောက် တစ်လှည့်စီ အားပေးရင်း ရေးဖြေစာမေးပွဲ ပြီးခဲ့သည်။ ဆေးရုံမှာ လက်တွေ့စာမေးပွဲဖြေကြရသောအခါ မောင်နှင့် ကျွန်မ ခုံနံပါတ်ဝေးသွားသောကြောင့် အုပ်စုကွဲသွားခဲ့ပါသည်။ ပထမဆုံးနေ့ ၌ ကျွန်မ က သားဖွားမီးယပ် ဖြေရပြီး မောင်က ခွဲစိတ်ကုပညာ ဖြေရ၏။ မောင်သည် ဆေးရုံသို့ သွားကြရခါနီးတော့
“ချစ် ၊ နင်မကြောက်နဲ့နော် ၊ ရဲရဲရင့်ရင့်ဖြေ ၊ နင်က မျက်နှာထား သိပ်ကောင်းတာပါ” ဟု အားပေး၏ ။
ကျွန်မက ငိုမလို မျက်နှာထားနှင့် “ကြောက်လိုက်တာ မောင်ရယ် ၊ ငါတော့ ဒုက္ခရောက်တော့မယ်” ဟု တိုင်တည် ညည်းညူနေမြဲ ဖြစ်၏။
“မကြောက်စမ်းနဲ့ ၊ ဘယ်သူမှ အားလုံး ပိုင်တယ်လို့ မရှိဘူး ၊ နင်မကြောက်တဲ့ ဆရာနဲ့ ဖြေရပါစေလို့ ဆုတောင်း ၊ လွယ်တဲ့ ကေ့စ် ရပါစေလို့ ဆုတောင်း ၊ မောင်ဆုတောင်းရင် ပြည့်တယ် ၊ စောစောက မောင် ချစ်အတွက် ပါ ဆုတောင်းလိုက်တယ်။ အော့ဗ်စ်မှာ နော်မယ်လ်ပြူ ပီရီယမ် (Normal Peurperium) ရလိမ့်မယ် ။ ဂိုင်နီကျတော့ မိုင်ယိုးမားယူးထရပ်စ်(Myoma Uterus) တဲ့ ။”
မောင်က အဲသလို ချစ်ဖို့ ကောင်းတာ။
“ဒါပေမယ့် မောင် ၊ နော်မယ်လ်ပြူ ပီရီယမ်မှာ ကိုပဲ ဖတ်စ်ပါရာ ရပါစေလို့ မောင်ဆုတောင်းပေးဦးနော်။ တော်ကြာ အရင် ကိုယ်၀န်တွေ အများကြီးနဲ့ ပျက်ကျတာတို့ အသေမွေးတာတို့ ရှုပ်နေရင် ချစ် အချိန်ရမှာ မဟုတ်ဘူး”
“သေလိုက်စမ်းပါကွာ ၊ အဲဒီလောက် အပျင်းထူရသလား မိချစ်ရယ်”
မောင့်ရယ်မောသံကြောင့် တဒိန်းဒိန်း ဆူညံနေသော ရင်ခုန်သံတို့ကိုပင် မေ့လျော့ထားနိုင်ခဲ့ပေသည်။
“နင့်ကျ ဆုတောင်းပေးရတယ်။ ငါ့လဲ ဆုတောင်းပေးဦး”
“အို .. ညကတည်းက မောင့်အတွက် ဆုတောင်းပေးထားတာ ၊ မောင် ဆရာဦးဗိုလ်နီနဲ့ပဲ ဖြေရမှာ ၊ ကိုယ့်ဆရာနဲ့ကိုယ် ဘယ်လောက်ကောင်းလဲ ၊ နောက်ပြီး ဒီယူဒီအက်စ်(D.U.P.S) ရမှာ”
“မြတ်စွာဘုရား ၊ ဒီယူဒီအက်စ်(D.U.P.S) က လွယ်သလိုလိုနဲ့ ဒစ်(စ်) ကပ်စ်ရှင်း (Disscussion) သိပ်ခက်တာ”
“အံမယ် … မောင် ပိုင်ရဲ့သားနဲ့”
“အေးပါ .. အေးပါ ၊ အော်သိုကေစ့် (orthoclase )မရရင် ပြီးတာပဲ”
တကယ်တမ်း ဖြေပြီးသည့်အခါ ကျွန်မရော မောင်ရော နှစ်ယောက်လုံး တစ်ဘာသာစီ ကျကြ၏။ ကျသော ဘာသာများလည်း မတူကြပါ။ ကျွန်မက သားဖွားနှင့် မီးယပ်ရောဂါ ကျပြီး မောင်က ကလေးဆေးပညာ ကျ၏။
#ဆက်ရန်ရှိ
