လာအိုအသင်းဖြင့် တတိယအကျော့ အုပ်စုအဆင့် ယှဉ်ပြိုင်ကစားရမည့် မြန်မာအသင်း
ယခုလ ဒီဇင်ဘာ (၁၈)ရက်နေ့တွင် လာအို-မြန်မာ ပွဲစဉ်အား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းအတွင်း လက်ခံကျင်းပသွားမည်ဖြစ်သည်။
မြန်မာအသင်းဖြင့် ယှဉ်ပြိုင်ကစားရမည့် လာအိုအသင်းအနေဖြင့် အင်ဒိုနီးရှားအသင်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်သုံးဂိုးစီနဲ့ သရေရလဒ်ထွက်ပေါ်ထားသည်။
လက်ရှိတွင် အာဆီယံချန်ပီယံရှစ်မစ်ဆူဘီရှီဖလားပြိုင်ပွဲ ၂၀၂၄ အုပ်စု(ဘီ)တွင် ပါဝင်နေသည့် အင်ဒိုနီးရှားအသင်းက ရမှတ်(၄)မှတ်ဖြင့် အုပ်စုထိပ်ဆုံးတွင် ရပ်တည်နေပြီး၊ ဗီယက်နမ်အသင်းက ရမှတ် (၃)မှတ်၊ ဖိလစ်ပိုင်၊ လာအိုနှင့် မြန်မာအသင်းတို့က ရမှတ်(၁)မှတ်စီဖြင့် အသီးသီးရပ်တည်နေသည်။
အာဆီယံချန်ပီယံရှစ်မစ်ဆူဘီရှီဖလားပြိုင်ပွဲ အုပ်စုအဆင့်ယှဉ်ပြိုင်ကစားမှုတွင် မြန်မာအသင်းအနေဖြင့် အင်ဒိုအသင်းအား ရှုံးနိမ့်ထားပြီး၊ ဖိလစ်ပိုင်အသင်းအား တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ထားသည်။
