18 w - Translate

2ဗူးမြောက်သုံးဖြစ်နေတဲ့ Sunscreen လေး🙆🏻‍♂️🤗
Nyi ဒီနေ့ ခုလက်ရှိသုံးဖြစ်နေတဲ့ Rovectin soothing sunscreen လေးအကြောင်း ပြောပြမယ်နော်။ Nyi ဒါကိုသုံးနေတာ 2ဗူးမြောက်ရှိပါပြီ။ သူနဲ့ပတ်သက်ပြီး ဘာကိုကြိုက်လဲဆိုရင်
1. SPF reliable ဖြစ်တယ် (နာမည်ကြီး Korea brand Rovectin ကဖြစ်ပြီး SPF test တွေ သေချာစစ်ဆေးထားလို့ SPF50+ PA++++ ပြည့်ကြောင်း ယုံကြည်လို့ရတယ်)
2. White cast နည်းတဲ့ physical sunscreen (Physical sunscreen မလို့ super sensitive skin တွေကအစ သုံးနိုင်တဲ့အပြင် white cast လဲနည်းလို့ ပြာမှာစိတ်မပူရပါဘူး)
3. အဆီသေချာထိန်းနိုင်တယ် (မျက်နှာကအဆီပြန်ပြီး မဲသွားတတ်တယ်ဆိုရင် ဒီ sunscreen သာသုံးနော်၊ ဝင်းဝင်းသိပ်သိပ်လေးနဲ့ မျက်နှာလေးလှပနေစေတယ်)
4. Moisture အရမ်းပေးတယ် (Physical sunscreen တွေက အသားခြောက်တာများပြီး ဒီ Rovectin ကတော့ physical တွေထဲ အစိုဓာတ်အရဆုံးမလို့ ဆောင်းရာသီမှာပါ သုံးနိုင်တယ်)
5. Texture အကျော့ရှင်းဆုံး Physical sunscreen (လိမ်းရတာအိဖတ်နေလို့ အရမ်းကိုအရသာရှိပါတယ် အသားထဲကို အလွယ်တကူစိမ့်ဝင်ပြီး ပူထူစေးကပ်တာမျိုး မရှိပါဘူး)
ဒီ 5ချက်ကတော့ Rovectin soothing sunscreen နဲ့ပတ်သက်ပြီး Nyi အရမ်းသဘောကျတဲ့အချက်တွေပါပဲ။ ဒါကြောင့်လဲ ဆက်ပြီးသုံးဖြစ်နေတာ 2ဗူးမြောက်ရှိပြီပေါ့နော်။
အဓိက ကိုယ့်ရဲ့အသားအရေက sensitive ဖြစ်တယ်၊ sunscreen ဘာသုံးသုံး အဆင်မပြေဘူး၊ အဆီပြန်တယ် ဝက်ခြံအဆီဖုထွက်တယ်ဆိုရင် ဒီ sunscreen လေးသုံးကြည့်ဖို့ highly recommend ပါဗျာ။
🛒 Nyi’s Pick
#reviewbynyi
#crd

image