ကိုရီးယားအရည်ချင်းစစ်စာမေးပွဲ အောင်မြင်ပြီးသူတွေကို အလုပ်လျှောက်လွှာ ခေါ်ယူတော့မယ့် POEA အသိပေး

ဒီဇင်ဘာ ၁၅

၂၀၂၄ ခုနှစ် ကိုရီးယားဘာသာအရည်ချင်းစစ်မေးပွဲ(EPS- TOPIK) နဲ့ Skills Test (ကုန်ထုတ်လုပ်ငန်း ပထမအသုတ်နဲ့ ဝန်ဆောင်မှုလုပ်ငန်းအုပ်စု - ၁) အောင်မြင်ထားသူတွေကို အလုပ်လျှောက်လွှာ ခေါ်ယူတော့မယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA- EPS) က ပြောပါတယ်။

“၂၀၂၄ ခုနှစ် ကိုရီးယားဘာသာအရည်ချင်းစစ်မေးပွဲ (EPS- TOPIK) နဲ့ Skills Test (ကုန်ထုတ်လုပ်ငန်း ပထမအသုတ်နဲ့ ဝန်ဆောင်မှုလုပ်ငန်းအုပ်စု - ၁) အောင်မြင်ထားသူများအား အလုပ်လျှောက်လွှာခေါ်ယူခြင်း ကို ၂၀၂၄ ဒီဇင်ဘာလ၊ နောက်ဆုံး ရက်သတ္တပတ် (သို့မဟုတ်) ၂၀၂၅ ဇန်နဝါရီလဆန်းပိုင်း အတွင်း ဆောင်ရွက်သွား မှာ ဖြစ်တယ်”လို့ POEA-EPS က ပြောဆိုပါတယ်။

ဒါအပြင် ကျန်းမာ‌ရေး ဂရုပြုကြဖို့နဲ့ နိုင်ငံကူးလက်မှတ်စာအုပ်သက်တမ်း အနည်းဆုံး (၁)နှစ်အထက်ရှိဖို့ကိုလည်း တိုက်တွန်း ပြောဆိုထားပါသေးတယ်။

ကိုရီးယားအရည်ချင်းစစ်စာမေးပွဲ ကုန်ထုတ် ပထမ အသုတ်မှာ အောင်မြင်ထားသူ ၅၀၀၀ ကျော်ရှိပြီး ဝန်ဆောင်မှု လုပ်ငန်း (အုပ်စု - ၁)မှာ ၇၁ ဦး အောင်မြင်ထားတယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image