19 ပတ် - ဘာသာပြန်ပါ။

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာ့ပင်လယ်ပြင်၌ မိုးသက်လေပြင်းများကျရောက်မည်

ကပ္ပလီပင်လယ်ပြင်၌ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာ့ပင်လယ်ပြင်တွင် မိုးသက်လေပြင်းများကျရောက်နိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)၏ ည ၆ နာရီထုတ်ပြန်ချက်အရ သိရသည်။

လေဖိအားနည်းရပ်ဝန်းသည် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း ယင်းနှင့်ဆက်စပ်နေသော ကပ္ပလီကျွန်းအနီးတွင်ဖြစ်ပေါ်နေခြင်းဖြစ်ကာ လာမည့် (၄၈)နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းသို့ရောက်ရှိပြီး ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာ့ပင်လယ်ပြင်ဖြစ်သည့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်၍ အမြင့်(၄)ပေမှ (၆)ပေခန့်ရှိသည့် လှိုင်းများဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

ထို့ပြင် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ကြောင်း သိရသည်။

image