၂၀၂၄ ခုနှစ်အတွင်း OWIC ကတ် ထုတ်ပေးထားသည့် အလုပ်သမား တစ်သိန်းရှစ်သောင်းကျော်ရှိ
ဒီဇင်ဘာ ၁၄
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ အလုပ်သမားစုစုပေါင်း (၁၈၁,၈၉၉)ဦးကို OWIC ကတ်လုပ်ခွင့်ပြုခဲ့ပြီး ပြည်ပနိုင်ငံများကို စေလွှတ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနကသိရသည်။
"ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီတွေနဲ့ပဲဖြစ်ဖြစ်၊ ကိုယ့်အစီအစဉ်နဲ့ပဲဖြစ်ဖြစ် သွားတဲ့အခါ OWIC ကတ်တွေကို ၂၀၂၃ ခုနှစ်မှာ အလုပ်သမားပေါင်း (၂၁၀၆၂၈)ဦး ထုတ်ပေးနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်နိုဝင်ဘာအထိ (၁၈၁,၈၉၉)ဦးကို OWIC ကတ်တွေ ပြုလုပ်ပေးပြီး စေလွှတ်နိုင်ခဲ့ပါတယ်။ OWIC ကတ်ပြုလုပ်တာမှာ ပြည်ပအလုပ်အကိုင်လိုင်စင်ရအကျိုးတော်ဆောင် အေဂျင်စီအစီအစဉ်ဖြင့် စေလွှတ်သည့်အလုပ်သမားများအတွက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရွှေ့ပြောင်းအလုပ်သမားဌာနစု၊ မြောက်ဒဂုံ နှင့် မိမိအစီအစဉ်ဖြင့်သွားရောက်မည့် အလုပ်သမားများ၊ ခွင့်ပြန်အလုပ်သမားများအတွက်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ၊ ရွှေ့ပြောင်းအလုပ်သမားညွှန်ကြားရေးရုံးမရမ်းကုန်းမြို့နယ်မှာ ဆောင်ရွက်ပေးနေပါတယ်" ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်ပကို သွားရောက်အလုပ်လုပ်မည့်သူများသည် ပြည်ပအလုပ်အကိုင်သက်သေခံလက်မှတ် (OWIC) ကို လျှောက်ထားရယူပြီးမှသာပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်ရခြင်းဖြစ်ရာ ကတ်ကို ပြည်ပအ လုပ်အကိုင်လိုင်စင်ရအေဂျင်စီများဖြင့် ချိတ်ဆက်ရယူခြင်းနှင့်မိမိအစီအစဉ်ဖြင့်သွားရောက်ရန်အတွက်ရယူခြင်းတို့ကိုဆောင်ရွက်ရကြောင်းသိရသည်။
အဆင့်မြင့်ပညာရှင်များ၊ ကျွမ်းကျင်ပညာရှင်များ၊ ပြည်ပ၌အလုပ်လုပ်ကိုင်ပြီးခွင့်ဖြင့် ပြန်လာသူများကိုမူ သင်တန်းတက်ရောက်ခွင့်ကင်းလွတ်ပြီးမှသာ OWIC ကတ်ကိုထုတ်ပေးပြီး၊ မိမိအစီအစဉ်ဖြင့်သွားရောက်မည့်သူများကိုမှု OWIC ကတ်ရရန် ဝန်ကြီး ဌာနလမ်းညွှန်သည့် သင်တန်းတက်ရောက်ရမည်ဖြစ်မည်ဖြစ်ကြောင်းသိရသည်။
#centralnewsnaypyitaw
