Review By Nyi အကြိုက်ဆုံး moisturizer📍
Purito ရဲ့ panthenol cream ဆိုတာ အရင်က hidden gem လေးပေါ့နော်။ ကောင်းပေမယ့် လူသိပ်ပြီးသတိမထားမိတော့ သိပ်ပြီးမ hype လိုက်ဘူးပေါ့။ ခုသူ့ကိုမှ formula အသစ် packaging အသစ်နဲ့ ထွက်လာပြီး TikTok, Insta တို့မှာ အရမ်းကို viral ဖြစ်သွားတယ်။ Nyi လက်ခံပါတယ်၊ တချို့သော product review တွေလို sponsored post တွေလဲပါသလို တကယ့် user review တွေကိုလဲ feedback အနေနဲ့ ပြန်ကြားရတယ်။ Purito bamboo panthenol cream က ဘယ်လောက်လိမ်းလို့ကောင်းကြောင်း ဘယ်လို glow ကြောင်းပေါ့နော်။ Let me say just one thing! 'All the rumors are true'
သူ့ရဲ့ ingredients list ကို ခွဲခြမ်းစိတ်ဖြာကြည့်ရအောင်… Panthenol 10% ပါတယ်။ Panthenol က vitamin B5 ဖြစ်ပြီး skincare တွေမှာစိမ်းတဲ့ ingredient တခုမဟုတ်ဘူး။ သူမပါတဲ့ skincare ဆိုတာ လက်ချိုးရေလို့ရအောင် ရှားတယ်။ နဲနဲလေးပါရင် အကြောင်းမဟုတ်ပေမယ့် 10% လို concentration မှာ သူ့ရဲ့လုပ်ကွက်က တော်တော်လေး powerful ဖြစ်ပါတယ်။ Hydration အပြည့်အဝပေးတယ်၊ skin barrier ကို ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် repair လုပ်နိုင်တယ်။ နောက်ထပ် main ingredient ဖြစ်တဲ့ Mighty bamboo extract ကတော့ သဘာဝကရတဲ့ amino acids နဲ့ minerals တွေကြွယ်ဝတဲ့အတွက်ကြောင့် အသားအရေကိုအေးမြစေပြီး soothe & hydrate ဖြစ်စေပါတယ်။ တခြားသော moisture retaining အတွက် ကောင်းတဲ့ Squalane, ဘက်စုံအကျိုးရှိတဲ့ Niacinamide, အမဲစက်နဲ့ calming အတွက် အားကိုးရတဲ့ Dipotassium glycyrrhizate, skin hydration အတွက် ရေဓာတ်ဖြည့်တဲ့ Sodium hyaluronate, antioxidant benefits အတွက် လုပ်ဆောင်တဲ့ Centella, slow aging အတွက် ထိရောက်တဲ့ Copper tripeptide-1 တို့ ပါဝင်တာမြင်ရတယ်။ Alcohol, Fragrance, Essential oil free ဖြစ်တယ်။ ပစ်ရက်စရာမရှိတဲ့ လိုတိုရှင်း ingredients list လေး။
သုံးကြည့်တဲ့အခါ ခံစားရတာက glow ဖို့အတွက် specialized လုပ်ပြီး ထုတ်ထားသလားလို့ ထင်မှတ်ရအောင် သူ့လိမ်းပြီး အရမ်း glow ပါတယ်။ အဆီတွေပြန်နေသလို ချွေးပြန်သလို တနင့်တပိုးကြီး glow တာမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးလေးနဲ့ လွတ်လွတ်လပ်လပ်လေး glow နေသလိုမျိုး။ Finish လေးက အရမ်းလှသလို အသားအရေလေးကလဲ သူ့လိမ်းထားရင် စိုအိဖတ်နေရော။ သဘောကျလွန်းလို့ ပါးကိုလက်နဲ့ ခဏခဏသွားကိုင်ကြည့်မိတယ်။ Texture က gel cream type လေး။ Hydrolyzed Jojoba esters ပါသော်ငြားလဲ အဆီပါဝင်တဲ့ခံစားချက် လုံးဝမရှိဘူး။ Bamboo ပါသလားလို့ မေးယူရအောင် အေးမြလန်းဆန်းစေတယ်။ Lightweight texture လေးနဲ့ hydration bomb ပေးလို့ 10% panthenol ရဲ့အစွမ်းက ဒါပါလားလို့ တခါတည်းသိသွားစေရပါမယ်။ သူ့လိမ်းပြီး sunscreen, BB cream, CC cream, foundation ကြိုက်တာလိမ်း အရမ်းကိုချောမွေ့နေတယ်။ Long lasting hydration လဲ ရပါတယ်။
Nyi ကတော့ သူ့ကို မနက်ရောညရော စိတ်ကြိုက်လိမ်းတယ်။ ဒီအတိုင်းဆို စျေးကြီးတယ်ထင်ရပေမယ့် 100ml ပါတော့ 50ml ကို ဘယ်လောက်ပဲကျပါလားလို့ တွေးပြီးဝယ်နော်။ မဟုတ်ရင် အရမ်းကောင်းတဲ့ moisturizer လေးကို ဝယ်သုံးဖြစ်မှာမဟုတ်ဘူး။ Nyi ကတော့ သုံးဖူးသမျှ moisturizer တွေထဲမှာ လက်ရှိ သူ့ကိုအချစ်ဆုံးပဲ။ Hydration အပြည့်အဝရတယ်၊ Soothing အရမ်းဖြစ်တယ်၊ Skin barrier repair အတွက်လဲ အရမ်းအကျိုးရှိတယ်လို့ ခံစားရပါတယ်။ Nyi သူ့ကို ဘယ်လောက်ထိ Falling In Love သွားလဲဆို စစသုံးတဲ့ည 1st impression မှာတင် Purito Myanmar Official ကိုသွားပြီး Nyi’s Pick မှာတင်ဖို့ လက်ကားစျေးဘယ်လောက်လဲ သွားမေးတာပါဆိုနော်။ Nyi ဘယ်လောက်ထိ ကိုယ့်လူတွေကို အကောင်းဆုံးတွေပဲ သုံးစေချင်လဲဆိုတဲ့ စေတနာနဲ့ပါ။ ဝက်ခြံသမား, အဆီဖုသမား, sensitive, skin barrrier ထိ, fungal acne, အို ဘာလာလာ သူ့ကိုပဲမျက်စိမှိတ်ပြီးသုံးနိုင်လို့ Nyi ကတော့ မဖြစ်မနေသုံးစေချင်ပါတယ်။ Oily, Combination, Normal, Dry အကုန် suitable နော်။ Highly recommend လုပ်ပါတယ်ခင်ဗျာ။
🛒 Official store 'BeautyHolics' မှာ ပစ္စည်းမှန်စျေးမှန်နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။
Disclaimer : This’s a Collaboration between Review By Nyi & Purito Official.
#purito #puritobamboopanthenolcream #reviewbynyi #nyipick #nyipickmoisturizer
#crd
