19 ပတ် - ဘာသာပြန်ပါ။

နိုင်ငံတကာသတင်းတိုများ

၁။ရုရှားသည်ဆီးရီးယားတွင်စစ်စခန်းများဆက်လက်ထားရှိရန်ဆီးရီးယားအစိုးရသစ်နှင့်သ​ဘောတူညီမှုရခဲ့သည်။

၂။​ရွေး​ကောက်ခံသမ္မတထရမ့်ကသူသမ္မတကျမ်းသစ္စာကျိန်ဆိုမည့်ဇန်နဝါရီလ၂၀ရက်မတိုင်မီအစ္စ​ရေး-ပါလက်စတိုင်းစစ်ကိုအပြီးသတ်ရန်အစ္စ​ရေးဝန်ကြီးချုပ်ကို​ပြောလိုက်သည်။

၃။ရုရှားနှင့်အိန္ဒိယသည်ဆယ်နှစ်​ရေနံ​ရောင်းချရေးသ​ဘောတူညီချက်ကိုလက်မှတ်ထိုးလိုက်သည်။

၄။ယ​နေ့​သောကြာ​နေ့တွင်ရုရှားကယူကရိန်းနိုင်ငံအနှံရှိဓါတ်အား​ပေးစက်ရုံများကိုတိုက်ခိုက်လျက်ရှိသည်။

၅။​ဒေသတွင်းတရုတ်၏ကြီးထွားလာ​သောအင်အားကိုထိန်းချုပ်ရန်သြစ​တေလျနိုင်ငံသည်တစ်ပတ်အတွင်းဒုတိယ​မြောက်လုံခြုံ​ရေးပူး​ပေါင်း​ဆောင်ရွက်​ရေးစာချုပ်ကိုပါပူအာနယူးဂီရိနိုင်ငံဖြင့်ချုပ်ဆိုလိုက်သည်။

NOM