26 w - Translate

ငလျင်လှုပ်ခတ်မှုအတွင်း Taipei 101 မိုးမျှော်တိုက်မှာ ဒီဇိုင်းဆင်ထားတဲ့ စတီးလုံးကြီးက မိုးမျှော်တိုက်မလှုပ်ခါသွားအောင် အကာအကွယ်ပေးခဲ့

ဧပြီ ၃ ရက်နေ့က ထိုင်ဝမ်မှာ ရစ်ချ်တာစကေး ၇.၉ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တဲ့အချိန် ငလျင်ဗဟိုချက်အနီးက အဆောက်အအုံအများအပြားပြိုကျခဲ့ပါတယ်။ ဒါဟာ ၂၅ နှစ်အတွင်း ထိုင်ဝမ်မှာ အပြင်းထန်ဆုံးငလျင်ဖြစ်ခဲ့ပေမဲ့ အမြင့် ၅၀၈ မီတာရှိတဲ့ Taipei 101 မိုးမျှော်တိုက်ကတော့ ဒီအတိုင်းဆက်လက်တည်ရှိခဲ့ပါတယ်။ အဲ့ဒီမိုးမျှော်တိုက်မှာ ဒီဇိုင်းဆင်ထားတဲ့ လှုပ်ရမ်းနေတဲ့ အဝါရောင်စတီးလုံး (“Tuned Mass Damper”( (TMD)လို့ လူသိများ) က မိုးမျှော်တိုက်လှုပ်ရမ်းသွားမယ့်အခြေအနေကို လျှော့ချဖို့ အကာအကွယ်ပေးခဲ့တာဖြစ်ပါတယ်။

အလွှာ ၄၁ ခုပါတဲ့ ၁၂.၅ စင်တီမီတာစတီးလုံးကြီးက ခန့်မှန်းခြေအားဖြင့် ၅.၅ မီတာအချင်းရှိပြီး အလေးချိန် ၆၆၀၀၀၀ ကီလိုဂရမ်ရှိပါတယ်။ ဒီစတီးလုံးကို Taipei 101 ရဲ့ထိပ်ပိုင်းက အထပ်တော်တော်များများကြား ကေဘယ်လ်ကြိုး ၉၂ ခုနဲ့တွယ်ဆိုင်းထားတာပါ။ စတီးကြိုးက ၂၀၀၀ ကျော်ပါတဲ့ ‌ကေဘယ်လ်ကြိုးတစ်ခုစီက အချင်း ၈.၉ စင်တီမီတာနဲ့ အရှည် ၄၂ မီတာရှိပါတယ်။

ငလျင်လှုပ်ခတ်စဉ် Taipei 101 စတင်လှုပ်လာတဲ့အချိန် စတီးလုံးက မိုးမျှော်တိုက်ကို စတီးကြိုးတွေနဲ့ ပြန်ဆွဲထားမှာဖြစ်ပါတယ်။ စတီးလုံးကလည်း ဆန့်ကျင်ဘက်ဦးတည်ရာကို ရွေ့လျားခြင်းဖြင့် Taipei 101 မလှုပ်ခါသွားအောင် ကူညီပေးတာဖြစ်ပါတယ်။ စတီးလုံးက မိုးမျှော်တိုက်ရဲ့လှုပ်ရှားမှုကို ၄၀ ရာခိုင်နှုန်းအထိ တားဆီးနိုင်ခဲ့တယ်လို့ Taipei 101 အရ သိရပါတယ်။

Ref: Swinging steel ball in Taipei 101 skyscraper protected it during magnitude 7.2 earthquake

image