19 ပတ် - ဘာသာပြန်ပါ။

မန်ယူနောက်ခံလူ မာတီနက်ဇ်ကို ခေါ်ယူရန် ရီးရဲလ်မက်ဒရစ် ပစ်မှတ်ထား

စပိန်ကလပ်ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်ယူနောက်ခံလူ လီအန်ဒရို မာတီနက်ဇ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

TalkSPORT သတင်းမှာဖော်ပြချက်အရ ရီးရဲလ်အသင်းဟာ မန်ယူအသင်းက အာဂျင်တီးနားနောက်ခံလူ မာတီနက်ဇ်ကို မျက်စိကျနေပြီး လာမယ့် နွေရာသီအပြောင်းမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။

မာတီနက်ဇ်ဟာ မနှစ်ကရာသီက မန်ယူပရိသတ်တွေကပေးတဲ့ အကောင်းဆုံးကစားသမားဆု ရရှိခဲ့သူဖြစ်ပေမဲ့ အခုနှစ်ရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်နေရသူပါ။

ရီးရဲလ်အသင်းဟာ ပရီးမီးယားလိဂ်တခြားကစားသမားတွေကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မန်ယူနောက်ခံလူ ဒါလော့၊ စပါးနောက်ခံလူရိုမဲရိုး၊ လီဗာပူးနောက်ခံလူ အာနိုးလ်တို့ဟာလည်း မက်ဒရစ်ကလပ်ရဲ့ စိတ်ဝင်စားမှု ခံနေရပါတယ်။
DVB
Photo: Reuters

image