မြန်မာမှာ အကြမ်းဖက်မှုတွေတိုးနေပြီး အဆုံးသတ်ဖို့ ကုလ တောင်းဆို
ဒီဇင်ဘာ ၁၃
မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေ အရှိန်မြင့်တက်လာတာကြောင့် တိုက်ပွဲတွေရပ်တန့်ဖို့ ပါဝင်ပတ်သက်သူတွေကို ကုလသမဂ္ဂအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
မြန်မာ့ပဋိပက္ခအတွင်း ပါဝင်ပတ်သက်သူအားလုံးဟာ အကြမ်းဖက်မှုတွေကို အဆုံးသတ်ရ မယ်လို့ ကုလ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီရို ဂူတာရက်စ်က တောင်းဆို ကြောင်း ဒီဇင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဂါဇာဒေသမှာ ဆေးဝါးပြတ်တောက်နေတဲ့အခြေအနေ၊ အာဖရိကနိုင်ငံမှာ တရားမျှတမှု ပြန်ရဖို့နဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေတိုးလာတဲ့ အခြေအနေတွေနဲ့ ပတ်သက်တဲ့ မစ္စတာ ဂူတာရက်စ်ရဲ့ သဘောထားကို ကုလ က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပိုမိုပြင်းထန်လာပြီး အရပ်သားတွေ အိုးမဲ့အိမ်မဲ့ ဖြစ်နေရ တဲ့ အခြေအနေတွေကို အလွန်စိုးရိမ်တယ်လို့လည်း မစ္စတာ ဂူတာရက်စ် ပြောပါတယ်။
တဆက်ထဲမှာပဲ မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုရဲ့ ပင်မအရင်းမြစ်နေတယ်လို့ လည်း ကုလကပြောပါတယ်။
ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC) ရဲ့ ၂၀၂၄ အစီအရင်ခံစာ ထဲမှာ မြန်မာဟာ ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည် နေတာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ မနှစ်နဲ့ နှိုင်းယှဥ်ရင် ၄ ရာခိုင်နှုန်းကျဆင်းသွားပေမယ့်လည်း ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံအနေနဲ့ ဆက်လက်ရပ်တည်နေတယ်လို့လည်း UNODC က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း ဘိန်းစိုက်ပျိုးတဲ့ ဧရိယာ ၄၅,၂၀၀ ဟက်တာ ရှိခဲ့တယ်လို့လည်း UNODC က ပြောပါတယ်။
Credit - BBC
#သတင်းဟင်းလေးအိုးကြီး
