ချဉ်ပေါင်ခါးကြော်
ချဉ်ပေါင်ဖြူ ခေါ် ချဉ်ပေါင်ခါးကို ချွေပြီး
ကပ်ကြေးနဲ့ သေးသေးလေးဖြစ်အောင် ညှပ်ပါ ။
ကြက်သွန်နီပါးပါးလှီးထားတာ ဆီသပ်
ငပိစိမ်းစား ပုစွန်ခြောက်မှုန့် ငရုတ်ကြမ်းဖတ်မှုန့်
ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ထည့်ပြီး မွှေပါ ။
နောက်ဆုံးမှ ချဉ်ပေါင်ခါးထည့်ပြီး ချဉ်ပေါင်ကြေတဲ့ထိ
ချေ ချေပြီး ကြော်ပေးရင် ရပါပြီ ။
ချဉ်ပေါင်ခါး က မျှစ်နဲ့ရောကြော်ရင်စားမကောင်းသလို
ပုစွန်ခြောက်မပါရင်လည်း စားမကောင်းပါဘူးနော် ။
ထမင်းပူပူလေး နဲ့ ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက်ပါရှင့် ။
Edit - ကိုယ်က ဆီများပြီး ရွဲအိနေတဲ့ ချဉ်ပေါင်ကြော်ဆို
လုံးဝကိုမစားတတ်လို့ ခြောက်ခြောက်လေးဖြစ်အောင်
တမင်ကြော်ထားတာပါနော် 🤗
