အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာနမှာ အသေခံဗုံးခွဲလို့ ဒုက္ခသည်ဝန်ကြီးနဲ့ လူခြောက်ယောက်သေ
ကဘူးလ်၊ ဒီဇင်ဘာ ၁၃
အာဖဂန်နစ္စတန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနထဲမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် တာလီဘန်ဒုက္ခသည်ဝန်ကြီး ခါလီဟတ်ကာနီ သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပြောကြားပါတယ်။
ဒါဟာ ၂၀၂၁ ခုနှစ်မှာ တာလီဘန်တွေ အာဏာရယူပြီးနောက်ပိုင်း အသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်ပြီး ဒုက္ခသည်ဝန်ကြီးဟာ ရုံးခန်းကနေထွက်လာစဉ် အခြားခြောက်ယောက်နဲ့အတူ သေဆုံးခဲ့တာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်တွေက ပြောပါတယ်။
ကာလီဟတ်ကာနီဟာ တာလီဘန်အဖွဲ့ရဲ့ ထိပ်တန်းတာဝန်ရှိသူတယောက်ဖြစ်ပြီး သူ့ကို အမေရိကန်က ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားပါတယ်။ ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က ထုတ်ပြန်ပါတယ်။
အိုင်အက်စ်အဖွဲ့ဝင်တယောက်ဟာ ဝန်ကြီးရုံးအပြင်ဘက်မှာ စောင့်ဆိုင်းနေကာ ဖောက်ခွဲခဲ့တာဖြစ်ပြီး ဟတ်နီကာကို သတ်ဖြတ်နိုင်ခဲ့ကြောင်း အဖွဲ့ပြောရေးဆိုခွင့်ရှိသူက ရိုက်တာသတင်းဌာနကို အတည်ပြုထားပါတယ်။
အမေရိကန်ဦးဆောင်တဲ့တပ်တွေ အာဖဂန်မှရုပ်သိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ တာလီဘန်တို့က အာဖဂန်ကို ထိန်းချုပ်လိုက်ပြီးနောက် လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်လာပေမယ့် နိုင်ငံတွင်းမှာ ဗုံးကွဲမှုတွေနဲ့ အသေခံတိုက်ခိုက်မှု ဒါဇင်များစွာ နှစ်စဉ် ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။
Ref:BBC
Photo:AFP
#သတင်းဟင်းလေးအိုးကြီး
