ယနေ့ ဖိလစ်ပိုင်-မြန်မာ ပွဲစဉ်အတွင်း သီဟဇော်ကို အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ထား
ယနေ့ ဒီဇင်ဘာ (၁၂)ရက် ညနေပိုင်အချိန်တွင် အာဆီယံမစ်ဆူဘီရှိဖလားပြိုင်ပွဲ အုပ်စုအဆင့် ဒုတိယအကျောပွဲစဉ်အတွင်း မြန်မာလက်ရွေးစင်အသင်းတွင် သီဟဇော်အား အသင်းခေါင်းဆောင်အဖြစ်ရွေးချယ်ထားသည်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထားသည်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် အင်ဒိုနီးရှား-မြန်မာပွဲစဉ်အပြီး အသင်းခေါင်းဆောင်တာဝန်ယူခဲ့သည့် မောင်မောင်လွင်၏ နေရာတွင် အစားထိုး ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ယနေ့ ဖိလစ်ပိုင်နှင့်ပွဲစဉ်အတွင်းဟိန်းဖြိုးဝင်း၊ သက်ဟိန်းစိုး၊ နန္ဒကျော်၊ လွင်မိုးအောင်၊ သီဟဇော်၊ မောင်မောင်လွင်၊ ဝေလင်းအောင် ၊ အောင်ကောင်းမာန်၊ သီဟထက်အောင်၊ ဇော်ဝင်းသိန်းနှင့် ဂိုးသမားအဖြစ် ဇင်ညီညီအောင်တို့ကို ရွေးချယ်ထားသည်ကိုတွေ့ရသည်။
မြန်မာလက်ရွေးစင်အသင်း တိုက်စစ်မှူးများဖြစ်သည့် သန်းပိုင်နှင့် အောင်သူ ပါဝင်လာခြင်းမရှိသည်ကို တွေ့ရပြီး၊ မြန်မာအသင်းအနေဖြင့် ဖိလစ်ပိုင်အသင်းအား အနိုင်ကစားရန် လိုအပ်ကာ ရှုံးနိမ့်ခဲ့မည်ဆိုပါက အုပ်စုအဆင့် ထွက်ရန် ရာခိုင်နှုန်းများနေသည်။
