19 w - Translate

❝ လမ်းဘေးစျေးသည်ဘဝကနေ ကမ္ဘာကျော်စာဖိုမှူးတစ်ယောက်ဖြစ်လာခဲ့သူ ❞
- ရုပ်ရှင်အညွှန်း -
အွိုင်ဆိုတဲ့ကောင်မလေးဟာ မျိုးရိုးစဉ်ဆက်လုပ်ကိုင်ခဲ့တဲ့ မိဘလက်ငုပ်လက်ရင်းဖြစ်တဲ့ ခေါက်ဆွဲဆိုင်ကို အမွေဆက်ခံရဖို့ဖြစ်နေတဲ့ကောင်မလေးတစ်ယောက်ပေါ့။
Dreamersတစ်ယောက်ပီပီ အွိုင်ကတော့ ရပ်ကွက်ခေါက်ဆွဲဆိုင်လေးမှာပဲ ဘဝကိုအဆုံးမသ။တ်ချင်သူပါ။
ဒါပေမဲ့ မောင်နှမတွေထဲမှာလည်း ဒီဆိုင်ကိုလက်လွှဲယူနိုင်မဲ့ ချက်ပြုတ်တတ်တဲ့လူကလည်းမရှိ သမီးအကြီးဆုံးကလည်းဖြစ်နေပြန်တော့ ရွေးစရာကလည်းမရှိပြန်ဘူးပေါ့။
ဒီလိုနွံနစ်နေတဲ့ ပတ္တမြားဖြစ်တဲ့အွိုင်ကို တွေ့ရှိသွားသူကတော့ ဟန်ဂါဆိုတဲ့စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ အငယ်တန်းရှက်ဖ်တစ်ယောက်ဖြစ်တဲ့တုန်းပါ။
ဒီလိုနဲ့ပဲ အွိုင်ရဲ့အရည်အချင်းတွေကိုမြင်သွားတဲ့တုန်းက အွိုင်ကို ရှက်ဖ်လောကထဲကို ခေါ်သွင်းလာတဲ့အခါ…
မီးဖိုချောင်မှာ ဒီမိုကရေစီဆိုတာမရှိဘူး။ အာဏာရှင်စနစ်ပဲရှိတယ်လို့ပြောရင်တော့ အဆူအဆဲခံပြီး ပညာသင်လာရတဲ့စားဖိုမှူးတိုင်းက ရင်နာနာနဲ့ပဲ မှန်ကန်ကြောင်း ထောက်ခံမိကြမှာပါ။
ထို့နည်းတူပါပဲ ရပ်ကွက်စားသောက်ဆိုင်မှာပဲ ချက်ပြုတ်နေကြဖြစ်တဲ့အွိုင်လည်း ဟန်ဂါ‌စားသောက်ဆိုင်ပိုင်ရှင်လည်းဟုတ်
အပေါက်ဆိုးတယ်လို့လည်း နာမည်ကြီးတဲ့ ရှက်ဖ်ပေါလ်ရဲ့လက်အောက်မှာ အလုပ်လုပ်ဖို့ဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။
သူ့ရဲ့အိပ်မက်ဖြစ်တဲ့ နာမည်ကျော်ရှက်ဖ်တစ်ယောက်ရော ဖြစ်လာနိုင်မလား။
#crd_to_owner_with_respect #upload #thankyou #good #amazing #movie #videos #follower #respect #films #moemoe

image