နယူတန်ရဲ့ ပန်းသီးပင်
===============
ဒီသစ်ပင်ကတော့ ကမ္ဘာပေါ်မှာ
အကျော်ကြားဆုံး သစ်ပင်ရယ်လို့ဆိုနိုင်ပါတယ် ။
အိုင်းဆက်နယူတန်ရဲ့ဇာတိဖြစ်သော
အင်္ဂလန်နိုင်ငံ အရှေ့အလယ်ပိုင်း Lincolnshire ခရိုင် Grantham မြို့ Woolsthorpe Manor အမည်ရှိတဲ့ ဥယျာဉ်(ယခင်လယ်သမားတယောက်ရဲ့အိမ်ခြံဝန်းဖြစ်ခဲ့တဲ့)ထဲကပန်းသီးပင်ဘဲဖြစ်ပါတယ်
သက်တမ်း နှစ် (၄၀၀)လောက်ရှိပြီဖြစ်တဲ့ အဲဒီပန်းသီးပင်ရဲ့ ထူးခြားချက်က ...
သစ်ရွက်တွေ လေထဲမှာ ယိမ်းနွဲ့ကခုန်နေပြီးပန်းသီးတွေ ခုန်ပေါက်ဆော့ကစားနေလို့မဟုတ်သလို
အလွန်ရှားပါးလှတဲ့ "Kent ပန်း" မျိုးစိတ်ကြောင့်လည်း မဟုတ်ပါဘူး။
သိပ္ပံဒဏ္ဍာရီမှာ အလွန်ထူးခြားမှုနဲ့အတူ
နေရာယူထားရတဲ့ အကြောင်းကတော့ ...
၁၆၆၆ ခုနှစ် နွေနှောင်းရာသီရဲ့ တနေ့ ...
အဲဒီပန်းသီးပင်အောက်မှာထိုင်နေတဲ့
အိုင်းဆက်နယူတန်ရဲ့ရှေ့ ကို ပန်းသီးတလုံး ပြုတ်ကျလာပါတယ် ။
အဲဒီအခါ 'ပန်းသီးတွေ ဘာကြောင့် မြေပြင်ပေါ် အမြဲတန်းကျနေရတာလဲ' ဆိုတဲ့မေးခွန်း
အိုင်းဆက် နယူတန်ဆီက ထွက်ပေါ်လာပါတယ် ။
ပန်းသီးတွေပြုတ်ကျလာရတဲ့အကြောင်းရင်းက
ကမ္ဘာ့မြေကြီးရဲ့ဆွဲငင်အားကြောင့်ပါတဲ့..
ဟုတ်ပါတယ်..ဒါကြောင့်ဒီပန်းသီးပင်ကို
ကမ္ဘာလုံးဆိုင်ရာ ဆွဲငင်အား သီအိုရီဖြစ်ပေါ်ရေး
အတွက် ကူညီပေးခဲ့သော ...
ကမ္ဘာ့ဆွဲငင်အားရဲ့ သဘောသဘာဝ ကို မေးခွန်းထုတ်ဖို့ လှုံ့ဆော်ပေးခဲ့သော ...
ပန်းသီးပင်ရယ်လို့ အမြတ်တနိုး တင်စား တန်ဖိုးထားကြတာ ဖြစ်ပါတယ် ။
၁၇၂၆ ခုနှစ်မှာ နယူတန်သေဆုံးခဲ့ပြီးနောက် John Conduitt စုဆောင်းမိသော နယူတန်ရဲ့ဘဝမှတ်တမ်းအရ
“သစ်ပင်တစ်ပင်မှ ပန်းသီးတစ်လုံးပြုတ်ကျသည်ကို သတိပြုမိကာ သူ့ရဲ့ ဆွဲငင်အားစနစ်အကြောင်း ဦးစွာစဉ်းစားမိသည်” ဟု ရေးသားထားချက်အား စာမျက်နှာ ၁၆၀ အောက်ခြေမှတ်စုမှာ တွေ့ရပါတယ် ။
အဲဒီပန်းသီးပင်ကို အမှတ်တရအဖြစ် ထိမ်းသိမ်းနေလျှက်က ၁၈၂၀ ခုနှစ်မှာ မုန်တိုင်းတခုကြောင့် လဲကျခဲ့ပါတယ် ။
သို့ပါသော်လည်းကံကောင်းထောက်မစွာဖြင့်
ပြန်လည်အမြစ်တွယ်ရှင်သန်ခွင့်ရရှိခဲ့ပါတယ် ။
ယနေ့ထိတွေ့မြင်နေရတဲ့ပန်းသီးပင်ကတော့တတိယမြောက် ပြန်လည်အသက်ရှင်ခြင်းနဲ့အတူ
စတင်လာတဲ့ "နယူတန်ရဲ့ ပန်းသီးပင်" ကို ကျမတို့ တွေ့မြင်နေရတာ ဘဲဖြစ်ပါတယ် ။
ယနေ့ချိန်ထိခရီးသွားလေ့လာသူတွေကလည်း
ကမ္ဘာ့ဆွဲငင်အားကိုစတင်သိရှိခွင့်ပေးခဲ့တဲ့
"နယူတန်ရဲ့ပန်းသီးပင်"ဆီလာရောက်နေကြဆဲဲဲဖြစ်ပါတယ် ။
credit_မီမီမောင်


