နန်းယွန်း ပန်ဆောင်အတွက် ရေလွှဲဆည်ငယ် (၁၂) ခု တည်ဆောက် သွားမယ်လို့ဆို
ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်ဒေသမှာ ရေလွှဲဆည် ငယ် (၁၂) ခု တည်ဆောက်သွားမယ်လို့ ဆည်မြောင်းနဲ့ ရေအသုံးချရေး စီမံခန့်ခွဲရေး ဦးစီးဌာနက ပြောပါတယ်။
ဒေသအတွင်းမှာ ရှိတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် အထောက်အကူဖြစ်စေဖို့အတွက် ရည်ရွယ်ပြီး ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေ များကို အသုံးပြုကာ ဘဏ္ဏာနှစ်အလိုက် စီမံကိန်းချမှ အကောင်အထည် ဖော်သွားမှာလို့ ဆိုပါတယ်။
ပန်ဆောင်ဒေသ တစ်ခုလုံးမှာလည်း လယ်ယာမြေ ရေကြီးရေနှစ်မြှုပ်မှု ကာကွယ်နိုင်ဖို့အတွက်ကိုလည်း ရေနုတ်မြောင်း နေရာ (၃၅) ခု တူးဖော်ပေးသွားမယ်လို့ သိရပါတယ်။
ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေနဲ့ ပန်ဆောင်ဒေသ နောင်ယန်းအင်း အဝင်မှာရှိတဲ့ နောင်ယန်း ချောင်း က သဲနုန်းတွေ တူးဖော်တာနဲ့ ရေလွှဲ ဆည် တစ်ခု တည်ဆောက်ဖို့ကိုလည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒါအပြင် တိုင်းဒေသကြီး ခွင့်ပြု ရန်ပုံငွေနဲ့ ရေလွှဲဆည်ငယ် နှစ်ခု တည်ဆောက်ဖို့ကိုလည်း လုပ်ဆောင်နေတယ် လို့ သိရပါတယ်။
#သတင်းဟင်းလေးအိုးကြီး