ပြည်ပရောက် အလုပ်သမား ၅၀၀၀၀ ကျော်ရဲ့ မိသားစုဆီ လွှဲပို့ငွေ အထောက်အထားနဲ့ ပတ်သက်ပြီး အေဂျင်စီတွေ ခေါ်ယူစစ်ဆေးခံရမည်

ဒီဇင်ဘာ ၁၂

ပြည်ပရောက် အလုပ်သမားတွေရဲ့ မိသားစုဆီ လွှဲပို့ငွေ အထောက်အထားတွေနဲ့ ပတ်သက်ပြီး ‌အေဂျင်စီ တွေကို ခေါ်ယူစစ်ဆေးသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။

ပြည်ပအလုပ်အကိုင် အေဂျင်စီ ၄၂၉ ခုကနေ ၂၀၂၄ ခုနှစ် မေလကနေ သြဂုတ် လပိုင်းအထိ ဂျပန်၊ ကိုရီးယား၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ လာအိုနဲ့ အခြားနိုင်ငံတချို့ကို အလုပ်သမား ၅၆၈၆၀ ဦးကို စေလွှတ်ခဲ့တယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲ့ဒီ အလုပ်သမားတွေနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့ကနေစပြီး ဒီဇင်ဘာ ၂၇ ရက်နေ့ကအထိ (၁) ရက်ကို အေဂျင်စီ (၅၀) ခု စစ်ဆေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်ပကို တရားဝင်သွားရောက်အလုပ်လုပ်ကိုင်ကျတဲ့ အလုပ်သမားတွေအနေနဲ့ လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်း (သို့) ၃ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုဆီ တရားဝင် ငွေလွှဲလမ်းကြောင်းတွေက‌နေ လွှဲပို့ ကျရမှာ လို့ သတ်မှတ်ထားတာကိုတွေ့ရပါတယ်။

နိုဝင်ဘာလအတွင်းကတော့ မိသားစုဆီလွှဲပို့ငွေ စာရင်းမပေးပို့နိုင်တဲ့ အေဂျင်စီ ၁၁၈ ခုရှိပြီး သတ်မှတ်ရက် အချိန်မှီမပေးပို့နိုင်တဲ့ အေဂျင်စီတွေကို ဒဏ်ကြေးငွေ အပြင် အလုပ်ကမ်းလှမ်းစာ (Demand Letter) အသစ် တင်ပြခွင့် ပိတ်ခံရမယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image