ရွှေအညာက ဆူးပုပ်ကလေး(ခေါ် )တောဆူးပုပ်ညွှန့်လေးတွေ စားဖူးကြလားရှင်🤩
ဒီဆူးပုပ်လေးက ဆူးပုပ်ကြီးထက် အနံ့/အရသာပိုကောင်းပြီး ခူးလို့လည်းခက်တဲ့ အညွှန့်သေးသေးလေးတွေပါ။
သူ့ကို ကင်းပုံညွှန့်နဲ့ရောပြီးဟင်းရည်ချက်သောက်ကြသလို အခုယာတောသူချက်ထားသလို ငပိချက်စပ်စပ်လေးလည်း ချက်စားကြပါသေးတယ်။
ဒါ့ကြောင့် ရိုးရှင်းတဲ့တောဆူးပုပ်ဟင်းလေးကိုလည်း ယာတောသူတို့ လေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ်ရှင်...