ဒေါ်နယ်ထရန့်ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ တရုတ်သမ္မတ ရှီကျင်းပင်ကို ဖိတ်ကြား
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ သူ့ရဲ့သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ တရုတ်သမ္မတ ရှီကျင်းပင်ကို ဖိတ်ကြားခဲ့တယ်လို့ အစိုးရသတင်းရင်းမြစ်တွေကို ကိုးကားပြီး စီဘီအက်စ် သတင်းဌာနက ရေးသား ဖော်ပြထားပါတယ်။
ဒီဖိတ်ကြားမှုကို နိုဝင်ဘာ ၅ ရက်သမ္မတရွေးကောက်ပွဲအပြီး များမကြာခင်မှာ ပေးပို့ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၂၀ ရက်မှာပြုလုပ်မယ့် ထရန့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ကို တရုတ်ဘက်က လက်ခံခြင်းရှိမရှိ ရှင်းလင်းစွာ မသိရသေးပါဘူး။
ဝါရှင်တန်ရှိ တရုတ်သံရုံးကလည်း ဒီကိစ္စကိုမှတ်ချက်ပြုပြောဆိုတာမျိုးမရှိသေးပါဘူး။ တရုတ်သမ္မတရှီကျင်းပင်နဲ့ အလွန်ကောင်းမွန်းတဲ့ ဆက်ဆံရေးရှိပြီး မကြာသေးမီကလည်း အဆက်အသွယ်ရှိတယ်လို့ ဒေါ်နယ်ထရန့်က သောကြာနေ့ကပြုလုပ်တဲ့ စီဘီအက်စ်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။
ထရန့်ဟာ တရုတ်နဲ့ဆက်ဆံရေးအမေရိကန်ရဲ့ ပထဝီနိုင်ငံရေးပြိုင်ဘက်ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်တယောက်ဟာ အမေရိကန်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့တာမျိုးမရှိသေးပါဘူး။
တရုတ်နိုင်ငံက ဖန်တနိုင်းမူးယစ်ဆေးတွေ အမေရိကန်ကို မှောင်လိုလုပ်တာတွေကို မတားဆီးမထိန်းချုပ်နိုင်ဘူးဆိုရင် တရုတ်သွင်းကုန်တွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်းကောက်မယ်လို့ ရွေးကောက်ခံသမ္မတ ထရန့်က ခြိမ်းခြောက်ထားပါတယ်။
ဒီကိစ္စကြောင့် အခွန်တိုးကောက်တာဟာ ကမ္ဘာ့စီးပွားရေး ထိပ်တန်းနှစ်နိုင်ငံကို အကျိုးစီးပွားထိခိုက်စေမှာဖြစ်ပြီး အပြန်အလှန်ထိခိုက်စေတဲ့ ကု်နသွယ်ရေးစစ်ပွဲထဲရောက်သွားနိုင်ကြောင်း တရုတ်တာဝန်ရှိသူတွေက သတိပေးထားပါတယ်။
Ref:BBC
Photo:Reuters
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
