ရွှေရောင်းဝယ်ရေးလုပ်ငန်းများ သုံးလအတွင်း လိုင်စင်လျှောက်ထားမှု မရှိပါက အရေးယူခံရမည်ဟုဆို

ဒီဇင်ဘာ ၁၂

ရွှေရောင်းဝယ်ရေးလုပ်ငန်းများအနေနဲ့ သုံးလအတွင်း လိုင်စင်လျှောက်ထားမှုမရှိပါက အရေးယူခံရမယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်း ထိန်းသိမ်းရေး ဝန်ကြီးဌာနဆီကနေ သိရပါတယ်။

လိုင်စင်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်အတွင်း တိုင်း (သို့) ပြည်နယ် ကနဦး စိစစ်ရေးအဖွဲ့အတွင်းရေးမှူးရုံးတွေဆီမှာ လျှောက်ထားကြရမယ်လို့ ထုတ်ပြန် အသိပေးထားပြီး ယမန်နေ့က ထပ်မံ အသိပေးလာတာကို တွေ့ရပါတယ်။

အဲ့ဒီလို လျှောက်ထားမှုမရှိရင်တော့ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅) အရ အရေးယူသွား မှာ ဖြစ်တယ်လို့ဆိုပါတယ်။

ဥပဒေအရ ၆ လ (သို့) ၃ နှစ်အထိ ထောင်ဒဏ်ချမှတ်ခံရမယ့်အပြင် ကျပ် ၅ သိန်းထက်မပိုသော ငွေဒဏ်ကို လည်း ချမှတ်နိုင်တယ်လို့ သိရပါတယ်။

လိုင်စင်လျှောက်ထားရာမှာ လိုင်စင်ကြေး (၁၇)သိန်း၊ သတ်မှတ်စျေးနှုန်းနဲ့သာ ရောင်းချခွင့်၊ လုပ်ငန်းရဲ့ ရင်းနှီးငွေ ၂၅ ရာခိုင်းနှုန်းကို ဘဏ်အကောင့်အတွင်း ထည့်ထားရတာတွေ ပါဝင်တဲ့ အတွက် အခက်တွေ့နေကြရတယ်လို့ ရွှေဆိုင်လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

#centralnewsnaypyitaw

image