၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ၂၂၀၀၀၀ ဦး ဝန်းကျင် ဖြေဆိုခွင့် စာရင်းပေးသွင်းထားဟုဆို

ဒီဇင်ဘာ ၁၂

၂၀၂၅ ခုနှစ် မတ်လမှာ ကျင်းပပြုလုပ်မယ့် တက္ကသိုလ်ဝင်စားမေးပွဲအတွက် ဖြေဆိုခွင့် စာရင်းပေးသွင်းလာတဲ့ ကျောင်းသားကျောင်းသူ ၂၂၀၀၀၀ ဦး ဝန်းကျင်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။

အဲ့ဒီစာမေးပွဲကို မတ်လ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန် ကြေညာထားပြီးဖြစ်ပါတယ်။

ဖြေဆိုခွင့် စာရင်းပေးသွင်းလျှောက်ထားမှုကို ၂၀၂၄ ခုနှစ် စက်တင်ဘာ (၁)ရက်နေ့ကတည်းက ခွင့်ပြုပေးထား ခဲ့တာလို့ သိရပါတယ်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာတုန်းက တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြေဆိုသူ ၁၂၈၈၂၀ ဦးရှိခဲ့ပြီး ၇၄၅၉၂ ဦး အောင်မြင်မှုရှိခဲ့တဲ့အတွက် အောင်ချက် ၅၈ ရာခိုင်နှုန်းရှိခဲ့တယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image