နှစ်ပေါင်း ၂၀၀၀ ကျော်နီးပါး မပျက်မစီး တည်ရှိနေသော Moon lake အိုအေစစ်
တရုတ်နိုင်ငံ Gobi သဲကန္တာရတွင် တည်ရှိသော Moon Lake သည် သဘာဝလခြမ်းပုံသဏ္ဍာန်ရှိသော သဲသောင်များဖြင့် ဝန်းရံထားသည့် အိုအေစစ်တစ်ခုဖြစ်သည်။
သမိုင်းကြောင်းအရ ၎င်းသည် နှစ်ပေါင်း ၂၀၀၀ ကျော် တည်ရှိခဲ့သည်ဟု ယူဆရပြီး ချင်မင်းဆက် (1644-1912) တွင် ၎င်း၏ လခြမ်းပုံသဏ္ဍာန်ကြောင့် Yueyaquan သို့မဟုတ် "လခြမ်းရေကန်" ဟူသော အမည်ကို ပေးခဲ့ခြင်းဖြစ်သည်။
Yueyaquan ဟုလည်းလူသိများသော Moon lake အိုအေစစ်သည် ရာစုနှစ်ပေါင်းများစွာ ရှေးဟောင်းပိုးလမ်းမပေါ်ရှိ ခရီးသွားများအတွက် အဓိကနေရာတစ်ခုဖြစ်သည်။
ခြောက်သွေ့သော ပတ်ဝန်းကျင်တွင် ရှိနေသော်လည်း မြေအောက်ရေကို ခေတ်မီထိန်းသိမ်းမှုများဖြင့် ကြိုးပမ်းထိန်းသိမ်းထားတာကြောင့် Moon lake အိုအေစစ်သည် ထင်ရှားသော ခရီးသွားနေရာတစ်ခု ဖြစ်လာစေပါသည်။
Credit
