ဘာလိုအပ်နေလဲ မေးတဲ့သူထက်
လိုတာလေး အလိုက်သိ လုပ်ပေးတဲ့သူကို
သဘောကျတာ မမှားပါဘူး
ချစ်တယ်လို့ ပြောတဲ့သူထက်
ချစ်ပြတဲ့သူကို သဘောကျ ချစ်မိတာလဲ မမှားပါဘူး
ဂရုစိုက်ပေးပါလို့ တောင်းဆိုစရာမလိုပဲ
ဂရုစိုက်ပေးတဲ့ အရိပ်ကို ခိုလှုံတာမမှားသလို
ကြင်နာပေးပါ လို့ ပြောစရာမလိုပဲ
ကြင်နာတတ်တဲ့ နှလုံးသားလေးတစုံမှာ ပျော်ဝင် နားခိုမိတာလဲ မမှားပါဘူးနော်
လိုအပ်နေတာက. ပြောစရာမလိုပဲ ချစ်ပေးနေတဲ့သူကိုပဲ
လိုတာပါနော်
