19 w - Translate

တရားမဝင်ကုန်စည်များ ပိုမိုဖမ်းဆီးနိုင်ရန် လိုအပ်ကြောင်း နစက ဒုဥက္ကဋ္ဌ ပြော

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီနှင့်အထူးအဖွဲ့များ၊တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး တာဝန်ရှိသူများသည် တရားမဝင်ကုန်ပစ္စည်းများကို ယခုထက်ပို၍ ဖမ်းဆီးနိုင်ရန် လိုအပ်ကြောင်း နစက ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

ယမန်နေ့ ဒီဇင်ဘာ(၁၀)ရက်က ပြုလုပ်သည့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်ကာ (၄) ဆနီးပါးအထိ ထိရောက်အောင် ဖမ်းဆီးနိုင်ရန်အတွက် ဆောင်ရွက်သွားစေလိုကြောင်းလည်း သူက ပြောသည်။

ယင်းညှိနှိုင်းအစည်းအဝေး၌ ၂၀၂၄ ခုနှစ်အတွင်း စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း အကောက်ခွန်ဦးစီးဌာနက အများဆုံး ဖမ်းဆီးရမိခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖမ်းဆီးရမိမှုတွင် မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်တို့က အစဉ်လိုက်အများဆုံး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိမှုများတွင် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းက အများဆုံးဖမ်းဆီးရမိပြီး လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင် ကုန်စည်တင်မော်တော်ယာဉ်က ဒုတိယဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများက တတိယအများဆုံး ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်းလည်း သိရသည်။

image