ကချင်အထူးဒေသ(၁)ခေါင်းဆောင်နှင့် NSPNC ဥက္ကဋ္ဌ တွေ့ဆုံ
ဒီဇင်ဘာ ၁၁
ကချင်အထူးဒေသ(၁) ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့ တွေ့ဆုံကြကြောင်း သိရသည်။
ဦးဇခုန်တိန့်ယိန်း၏ နေအိမ်မှာ တွေ့ဆုံကြခြင်း ဖြစ်ကြောင်း၊ မည်သည့် အကြောင်းအရာများ ပြောဆို ဆွေးနွေးကြ သည်ကိုတော့ မသိရသေးပေ။
ဦးဇခုန်တိန့်ယိန်းသည် ကချင်ပြည်နယ်အတွင်းရှိ ပန်ဝါ၊ ကန်ပိုက်တည်၊ ချီဖွေ၊ ဆော့လော် စသည့် ဒေသများ ပါဝင်သော ကချင်အထူးဒေသ(၁)ကို ဦးဆောင်သူဖြစ်သည်။
သို့သော် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှ နိုဝင်ဘာလအတွင်းမှာ ကချင်အထူးဒေသ(၁) နယ်မြေကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားကို အစားထိုးလည်ပတ် လျက်ရှိနေသည်။
ထို့နောက် ကချင်အထူးဒေသ(၁)ကိုလည်း ပယ်ဖျက်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ပုံ - ဦးဇခုန်တိန့်ယိန်းနဲ့ ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ကို တွေ့ရစဉ်
#centralnewsnaypyitaw

