ကိုယ်တိုင်လက်ထိပ်ပြန်ခတ်ပြီး ဖမ်းဆီးခံရတဲ့ မလေးရှားရောက်မြန်မာတွေ

ဒီဇင်ဘာ ၁၁

မြန်မာနိုင်ငံက လူငယ်၊လူလတ်အများစု သွားရောက်အလုပ်လုပ်ကိုင်ကြတဲ့ မလေးရှားနိုင်ငံမှာ ''အော်ပရာစီ'' စစ်ဆင်ရေးကြောင့် မြန်မာအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို ဆက်တိုက် ဖမ်းဆီးခံနေရပါတယ်။

၂၀၂၄ ဒီဇင်ဘာပထမပတ်တုန်းက ဆလန်ဂေါပြည်နယ်၊ အမ်ပန်းမြို့နယ်မှာရှိတဲ့ တိုက်ခန်းတစ်ခုကို မလေးရှားရဲတပ်ဖွဲ့က ညပိုင်းမှာ ဝင်ရောက်စစ်ဆေးပါတယ်။

အဲဒီအဆောက်အဦကနေ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၉၃ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ နီပေါနဲ့ ပါကစ္စတန် နိုင်ငံသားတွေဖြစ်ပြီး အသက် ၄ လကနေ ၅၅ နှစ် အရွယ်ရှိသူတွေဖြစ်တယ်လို့ မလေးရှားလူမှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မလေးရှား လူဝင်မှု ကြီးကြပ်ရေး၊ ရဲတပ်ဖွဲ့၊ မြူနီစီပယ်ကောင်စီ စတဲ့ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး နေ့တိုင်း ဖမ်းဆီးနေကြတာကို မလေးရှားလူဝင်မှုကြီးကြပ်ရေးရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တွေ့ရပါတယ်။

"အဖမ်းအဆီးတွေ ကြမ်းတာတော့ ဆက်တိုက်ပဲ၊ ကွန်ဒိုတွေ၊ စက်ရုံတွေ၊ ကားဂိတ်တွေ၊ ကားပေါ်တွေထိအောင်တက်ပြီးဖမ်းတာ"လို့ မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ မလေးရှားနိုင်ငံအခြေစိုက် မြန်မာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

ဖမ်းဆီးတာတွေ ကတော့ ဒီနှစ်အတွင်းမှာ ဆက်တိုက်နီးပါး ရှိခဲ့ပေမဲ့ အခု နှစ်ကုန်ခါနီးမှာတော့ နေ့ရော၊ ညပါ ခပ်စိပ်စိပ် ဖြစ်လာပါတယ်။

Credit - BBC

#သတင်းဟင်းလေးအိုးကြီး

ရဲတွေက တံခါးတွေကို ဆက်တိုက်ခေါက်ပြီး အထဲမှာရှိတဲ့သူတွေကို ခေါ်ထုတ်သလို အထောက်အထား စာရွက်စာတမ်းတွေ ပြခိုင်းပြီးလည်း စစ်လည်ဆေးပါတယ်။ ဒီလိုစစ်ဆေးရုံတင်မကဘဲ အဲဒီတိုက်ခန်းထဲက ထပ်ခိုးတစ်နေရာကို ခွာချပြီး စစ်ဆေးတဲ့အခါ ထပ်ခိုးပေါ်မှာ ပုန်းနေတဲ့သူတွေကို တွေ့ခဲ့ကြပါတယ်။

imageimage