ကာလ်မီးကီယာပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြားလေကြောင်းခရီးစဉ်များပျံသန်းပြေးဆွဲ၍ ဟိုတယ်နှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များဆွေးနွေး
နေပြည်တော်၊ ဒီဇင်ဘာ ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်ဦးဆောင်သော ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဒေါက်တာညွန့်ဖေ၊ ဦးမင်းသိန်းဇံတို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာလ်မီးကီယာ ပြည်နယ်အကြီးအကဲ H.E. Mr. Batu KHASIKOV ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့က နေပြည်တော်ရှိ M Gallery Hotel ၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာများ အပြန်အလှန်ဖလှယ်နိုင်ရေး၊ ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ကာလ်မီးကီယာပြည်နယ်၌ကျင်းပမည့် (၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ဖိုရမ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တွင် ရင်းနှီးမြှုပ်နှံနိုင်ရေး၊ စိုက်ပျိုးရေးနည်းပညာများနှင့် မျိုးကောင်းမျိုးသန့်များ အပြန်အလှန်မျှဝေပေးနိုင်ရေး၊ ရုရှားတက္ကသိုလ်များတွင် မြန်မာဘာသာစကား ထည့်သွင်းသင်ကြားနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနှင့် ပညာတော်သင်များ အပြန်အလှန်စေလွှတ်နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူငယ်ရေးရာနှင့်အားကစားကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ကာလ်မီးကီယာပြည်နယ်နှင့် မြန်မာနိုင်ငံ တို့အကြား လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲ၍ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
#centralnewsnaypyitaw
