19 w - Translate

မြဝတီမြို့ လောကချမ်းသာရွှေပြည်ငွေပြည် အောင်တော်မူစေတီတော် ထီးတော်တင်အခမ်းအနားတွင် လူဦးရေ(၅,၅၀၀)အား အခြေခံစားကုန်များ လှူဒါန်းမည်

ကရင်ပြည်နယ် ၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ လောကချမ်းသာရွှေပြည်ငွေပြည် အောင်တော်မူစေတီတော် ထီးတော်တင်အခမ်းအနားကို ဒီဇင်ဘာ (၁၀)ရက် တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ၊ ယင်းအခမ်းအနားအတွင်း လူဦးရေ(၅,၅၀၀)အတွက် အခြေခံစားကုန်များ ပေးဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် ဆန်၊ ဆီ၊ ဆေး၊ ဆား စသည့် လှူဖွယ်ပစ္စည်းများပေးဝေသွားမည်ဖြစ်ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

အဆိုပါ လောကချမ်းသာရွှေပြည်ငွေပြည် အောင်တော်မူစေတီတော်ကို မြဝတီမြို့ စိမ်းလဲ့မြိုင်ကားဝင်းအနီး သစ်တံခါးကျောင်းတိုက်တွင် တည်ထားကိုးကွယ်ထားခြင်းဖြစ်သည်။

image