တရုတ်အစိုးရ တွေ့ဆုံရန်ခေါ်ယူမှုကြောင့် KIO ဥက္ကဋ္ဌ တရုတ်သို့သွားရောက်နေ

နေပြည်တော်၊ ဒီဇင်ဘာ ၁၀

တရုတ်အစိုးရခေါ်မှုကြောင့် KIO ဥက္ကဋ္ဌ အင်ဘန်လ ဦးဆောင်သည့်အဖွဲ့သည် တရုတ်နိုင်ငံသို့ ထွက်ခွာသွားကြောင်း ကချင်မီဒီယာများတွင် ဖော်ပြထားသည်။

KIO ဥက္ကဋ္ဌ အင်ဘန်လ ဦးဆောင်သည့် အဖွဲ့သည် ဒီဇင်ဘာလ ၈ ရက်နေ့က တရုတ်နိုင်ငံသို့ ထွက်ခွာခြင်းဖြစ်ပြီး၊ မည်သည့်အကြောင်း ဆွေးနွေးမည်ကို မသိရကြောင်း ကချင်မီဒီယာများတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်လပိုင်းအတွင်းကလည်း တရုတ်အစိုးရ ခေါ်ယူမှုကြောင့် KIO ဒုဥက္ကဋ္ဌသည် တရုတ် အထူး ကိုယ်စားလှယ် မစ္စတာတိန့်ရွှီကျွင်းနှင့် တရုတ်နိုင်ငံတွင် သွားရောက်တွေ့ဆုံခဲ့သေးကြောင်း သိရသည်။

ကချင်ပြည်နယ် ဗန်းမော်နှင့် မြို့တချို့တွင် စစ်သွေးကြွ KIA/PDFအဖွဲ့များသည် တိုက်ပွဲများ ဖော်ဆောင်နေမှု ကြောင့် တိုက်ပွဲများ ပြင်းထန်နေပြီး၊ စစ်ဘေးရှောင်များလည်း တိုးပွားနေကြောင်း သိရသည်။

#centralnewsnaypyitaw

image