ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ခဲ့သည့် မန်စီးတီးအမှု စစ်ဆေးပြီးစီး
ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်ခဲ့တဲ့ မန်ချက်စတာစီးတီးရဲ့ အမှုနဲ့ပတ်သက်လို့ စစ်ဆေးပြီးစီးသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။
မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ၁၁၅ ချက် ချိုးဖောက်ခဲ့ကြောင်း ကနဦးစွပ်စွဲထားပြီး နောက်ပိုင်းမှာ စည်းမျဉ်း ၁၃၀ အထိချိုးဖောက်ခဲ့ကြောင်း စွပ်စွဲခံထားရတာပါ။
မန်စီးတီးရဲ့အမှုအပေါ် နှစ်ဖက် ကြားနာစစ်ဆေးမှုတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့ပြီး နောက်ဆုံး အဆုံးသတ် အမိန့်ချမှတ်ဖို့သာ ကျန်ရှိတော့တယ်လို့ ဒေးလီးမေးလ်သတင်းက အတည်ပြုပါတယ်။
ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် ကြီးမားတဲ့ ဒဏ်ကြေးတပ်ရိုက်ခံရနိုင်သလို အမှတ်လျှော့ပြစ်ဒဏ် အပါအဝင် တန်းဆင်းကစားရမယ့် ပြစ်ဒဏ်လည်း ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။
DVB