တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုတွေမြင့်တက်နေစဉ် အမေရိကန်က ဖိလစ်ပိုင်ကို A-10 Warthog တိုက်လေယာဉ်တွေ စေလွှတ်
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၀
အငြင်းပွားတောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုတွေ မြင့်တက်လာတဲ့အချိန်မှာ အမေရိကန်ပြည်ထောင်စု က တိုက်လေယာဉ်အများအပြားကို ဖိလစ်ပိုင်နိုင်ငံမှာ တပ်ဖြန့်ချထားပါတယ်။
အာဖရိကတောဝက် (Warthog) လို့ လူသိများတဲ့ A-10 Thunderbolt II လေယာဉ် ၄ စင်းဟာ ဖိလစ်ပိုင်နိုင်ငံ ကလပ်လေတပ်စခန်းကို ရောက်ရှိလာတဲ့ပုံတွေကို ပြီးခဲ့တဲ့သောကြာနေ့ (ဒီဇင်ဘာ ၆ ရက်နေ့) က အမေရိကန် လေတပ်က ထုတ်ဖော်ပြသခဲ့ပါတယ်။
အဲဒီ Warthog တိုက်လေယာဉ်တွေဟာ ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေနဲ့အတူ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ပူးတွဲလေ့ ကျင့်သွားမှာဖြစ်ပါတယ်။
Warthog တိုက်လေယာဉ်တွေဟာ ၁၉၇၆ ခုှနှစ် မတ်လကတည်းက အမေရိကန်လေတပ်မှာ တာဝန်ထမ်း ဆောင်ခဲ့တဲ့လေယာဉ်တွေဖြစ်ပါတယ်။
၃၀ မမ စက်အမြောက်တစ်လက်နဲ့ ပေါင် ၁၆,၀၀၀ အလေးချိန်ရှိ ဗုံး/ဒုံးကျည်တွေ ချိတ်ဆွဲထားတဲ့ ဒီတိုက်လေ ယာဉ်ကို မြေပြင်တပ်ဖွဲ့တွေအတွက် အနီးကပ်ပစ်ကူပေးဖို့ ဒီဇိုင်းရေးဆွဲတည်ဆောက်ထားတာဖြစ်ပါတယ်။
Warthog တိုက်လေယာဉ်တွေဟာ ရန်သူ့တင့်ကား/သံချပ်ကာယာဉ်တွေကို တိုက်ခိုက်နိုင်သလို ပင်လယ်ပြင်က သင်္ဘောအငယ်စားတွေကိုလည်း တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။
၂၀၁၇ ခုနှစ်က မက္ကဆီကို ပင်လယ်ကွေ့မှာ ကျူးကျော်လာတဲ့ လက်နက်တပ်ဆင်ထားတဲ့ရေယာဉ်တွေကို Warthog တိုက်လေယာဉ်လေးငါးစင်းက တိုက်ခိုက်ခဲ့သလို ၂၀၂၃ ခုနှစ်မှာလည်း အိုမန်ပင်လယ်ကွေ့မှာ Warthog တိုက်လေယာဉ်တွေဟာ ကင်းလှည့်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းက ဖိလစ်ပိုင်နိုင်ငံက ထိန်းချုပ်ထားတဲ့ သီတူကျွန်းအနီးရေပြင်ပိုက်နက်ကို တရုတ် သင်္ဘော အစီး ၁၀၀ နီးပါး ကျူးကျော်ဝင်ရောက်လာပြီးနောက် အခုလို Warthog တိုက်လေယာဉ်တွေကို တပ် ဖြန့်ချထားလိုက်တာဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ်ပြင် တချို့နေရာတွေမှာလည်း ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံကြား ရေပိုင်နက်အငြင်းပွားမှုတွေ ရှိနေပါတယ်။
Ref: US Sends A-10 'Warthogs' to Allied Air Base in Contested South China Sea
#သတင်းဟင်းလေးအိုးကြီး