19 w - Translate

အဂတိလိုက်စားမှုသည် ဒီမိုကရေစီစနစ်ကိုထိခိုက်စေဟု နစက ဥက္ကဋ္ဌပြော

အဂတိလိုက်စားမှုကြောင့် နိုင်ငံအတွက် ထိခိုက်စေမှုများနှင့်ပတ်သက်၍ ဒီဇင်ဘာ ၉ ရက်နံနက်ပိုင်းကကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ထည့်သွင်း ပြောကြားခဲ့သည်။

အဂတိ လိုက်စားမှုများကြောင့် လူ့ဘောင်လောကတွင် တရားမျှတမှုပျောက်ကွယ်ပြီး နိုင်ငံတော်နှင့် အများပြည်သူကိုထိခိုက်စေသည်ဟု နစကဥက္ကဋ္ဌက ပြောသည်။

ထို့ပြင်အကြမ်းဖက်တိုက်ခိုက်မှုများကို အားပေးခြင်းများဖြစ်ပေါ်လာစေနိုင်သည့်အပြင် တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီစနစ်အား ထိခိုက်စေခြင်းတို့ဖြစ်စေနိုင်သည်ဟု ပြောသည်။

အလားတူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင်ကိုပျက်စီးစေသည့်အပြင် တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းမှုကိုလည်း ထိခိုက်စေနိုင်သည်ဟုပြောသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အစိုးရပိုင်းများသာမက ပုဂ္ဂလိကပိုင်းနှင့် အ မြတ်အစွန်းမဟုတ်သည့် အချို့ကုသိုလ်ဖြစ်လှူဒါန်းရေးအဖွဲ့များတွင်ပါ အဂတိလိုက်စားမှုပြဿနာအမြစ်တွယ်လာနေသည်ဟု ပြောသည်။

" ခြိမ်းခြောက်ငွေညှ-စ်ခြင်း၊ လိ-မ်လည်ခြင်း၊ နိုင်ငံတော်ဘဏ္ဍာနဲ့ ပစ္စည်းတွေကို အလွဲသုံးစားလုပ်ခြင်း၊ ပြည်သူပိုင်ပစ္စည်းငွေကြေးတွေကို ကိုယ်ကျိုးအတွက်မသင့်မလျော်သုံးစွဲခြင်း၊ မလျော်ဩဇာသုံးပြီး ကိုယ်ကျိုးအတ္တကိုရယူခြင်းတွေဟာ အဂတိလိုက်စားမှုတွေပဲဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် နစက အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင်အရေးကြီးသည့် အဂတိလိုက်စားမှု လျော့နည်းကျဆင်းလာစေရေး၊ အဂတိကင်းစင်သည့် လူ့အဖွဲ့ အစည်းတစ်ရပ်ဖြစ်စေရေးနှင့် အများပြည်သူတို့၏ အကျိုးစီးပွားကိုကာကွယ်ပေးရေးတို့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

image
image
image