19 ပတ် - ဘာသာပြန်ပါ။

ရှမ်း/မြောက် မြို့နယ်(၃)မြို့နယ်တွင် ငလျင်လှုပ်ခတ်မှုဖြစ်ပွား

ရှမ်း/မြောက် မူဆယ် ၊ နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့တို့တွင် ယနေ့ ဒီဇင်ဘာ (၉)ရက် နံနက် အစောပိုင်းချိန်မှစတင်၍ ငလျင် လှုပ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် (၃) နာရီခွဲဝန်းကျင်မှ (၄)နာရီအထိကို (၆)ကြိမ်၊ (၈)နာရီခွဲဝန်းကျင်အချိန်၌ (၁)ကြိမ် စုစုပေါင်း (၇)ကြိမ်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။

" ငလျင်လှုပ်သွားတာ အရမ်းသိသာတယ်။ အိမ်က ထွန်းထားတဲ့ မီးချောင်းတွေ ခါသွားပြီး၊ လူလည်း မိုက်ခနဲ့ဖြစ်သွားတယ်။"ဟု မူဆယ်ဒေသခံတစ်ဦးက ဆိုသည်။

အလားတူ နမ့်ခမ်း နှင့် ကွတ်ခိုင်မြို့နယ်တို့တွင်လည်း ငလျင်ပြင်းထန်စွာလှုပ်ခတ်ခြင်းကြောင့် နေအိမ်အချို့ ပျက်စီးသွားရပြီးဒေသခံများစိုးရိမ်ထိတ်လန့်ခဲ့ကြရကြောင်း သိရသည်။

မြေငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ ဒီဇင်ဘာလ ၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၃)နာရီ၊ (၂၈)မိနစ်၊ (၃)စက္ကန့် အချိန်တွင် သီပေါမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၆၉)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (သိန္နီမြို့၏ အရှေ့မြောက်ဘက် (၇) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၃၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၀၃) ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားသည်ဟု မိုး/ဇလက အသိပေး သတင်းထုတ်ပြန်ထားသည်။

image