ချမ်းမြသာစည်မြို့နယ်တွင် လူနေအိမ် မီးလောင်မှုဖြစ်ပွား
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာရပ်ကွက်၊ (၅၈) လမ်း၊ (၁၀၄)လမ်းနှင့် (၁၀၅)လမ်းကြားရှိ လူနေတိုက်ခန်း ပထမထပ်တွင် ယနေ့ည(၇) နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း နယ်မြေခံ မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။
ယနေ့ ဒီဇင်ဘာ (၉)ရက်၊ ည (၇)နာရီအချိန်ခန့်က လူနေတိုက်ခန်း ပထမထပ်တွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ချမ်းမြသာစည်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထွက်ခွာငြှိမ်းသတ်ရာ ည (၇)နာရီ (၉)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ လိုအပ်သည်များ ဆက်လက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
